Tuesday, September 29, 2015

မြို့ပြနှင့်ကျေးလက် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်




Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်ရုံးခွဲ (လားရှိုး) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံး အဆောက်အအုံ ဆောက်လုပ်နေမှုကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်သည် စက်တင် ဘာ ၂၅ရက်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရုံးခွဲ (လားရှိုး) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပျားလုပ်ငန်း ဌာနများမှ ရုံးခွဲ/ခရိုင်/မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ကြီး ဌာန၏ရည်မှန်းချက်များ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ မူဘောင်ရေးဆွဲခဲ့မှု၊ မဟာဗျူဟာ မူဘောင်အရ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လူထု အခြေပြုစီမံကိန်းများ၊ မြစိမ်းရောင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ မြို့ပြနှင့် ကျေးလက်တစ်ပြေးညီဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ပေးနေမှုများ၊ အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းများ ဖွင့်လှစ်ပေး နေမှု၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။
ထိုမှတစ်ဆင့် လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စု ခေးနင်း ကျေးရွာတွင် ဖွင့်လှစ်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းစီမံ ခန့်ခွဲမှုဆိုင်ရာ ဆင့်ပွားသင်တန်း ပေးနေမှုများကို သွားရောက်၍ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များ၊ ကျေးရွာသူ/သား များနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် လားရှိုးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ဖွင့်လှစ်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းစီမံ ခန့်ခွဲမှုဆိုင်ရာ ဆရာဖြစ်သင်တန်း တက်ရောက်လျက်ရှိသော ဝန်ထမ်း များအား တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment