Thursday, September 3, 2015

ရာပေါင်းများစွာသော ခိုလှုံသူများ ဂျာမနီသို့သွားရန် ဘူခါရက်၌ ဆန္ဒပြ



Myanmaalinn's photo.

ဘူခါရက် စက်တင်ဘာ ၂

ဥရောပသမဂ္ဂ၏ ပြီးပြည့်စုံခြင်း မရှိသော ခိုလှုံရေးမူဝါဒများခွင့်ပြုခဲ့ မှုနှင့်အတူ ဥရောပသို့ မကြုံစဖူး ရွှေ့ပြောင်းနေထိုင်သူများ စုပြုံရောက် ရှိလာသည်။ ဘူခါရက်အရှေ့ပိုင်း မီးရထားဘူတာ အပြင်ဘက်တွင် ရာပေါင်းများစွာသော ရွှေ့ပြောင်း သွားလာသူများက အင်္ဂါနေ့တွင် ဂျာမနီသို့ဝင်ရောက်ခွင့်ပြုရန် ဆန္ဒပြ တောင်းဆိုနေကြသည်။
လက်မှတ်များကိုင်ဆောင်ဝှေ့ယမ်းနေသော လူပေါင်း ၁ဝဝဝ ခန့်က ဘူတာအပြင်ဘက်တွင် လက်ခုပ်တီး ခြင်း၊ ''ဂျာမနီ၊ ဂျာမနီ''ဟူ၍ လှောင် ပြောင်အော်ဟစ်ခြင်း ပြုလုပ်ခဲ့ကြ သည်။
အဆိုပါညနေက ဆန္ဒပြသော လူနည်းစု လူအုပ်အတွင်းမှ လူငယ် တစ်ဦးသည် ''ကျွန်တော်တို့လည်း လူတွေပါပဲ''ဟူသော ဂျာမန်ဘာသာ ဖြင့် ရေးထားသောဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည်။
ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဥရောပသည် နှစ်ခြမ်းကွဲအောင် ဖန်တီးနေပြီး ရာထောင်ချီသော ဆင်းရဲသားများနှင့် ရမ်းကားသူများ ရောက်ရှိလာမှုကို ကိုင်တွယ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသကဲ့ သို့ ၁၉၉ဝ ပြည့်လွန် ဘော်လ်ကန် စစ်ပွဲခိုလှုံသူများ အကျပ်အတည်းကို ရင်ဆိုင်နေရသည်။
ဂျာမနီနိုင်ငံသည် ဆီးရီးယား စစ်ပွဲမှ ထွက်ပြေးလာသော ဒုက္ခသည် များကို ဝေစုအများဆုံးလက်ခံဖွယ်ရှိ သော်လည်း အီးယူနိုင်ငံတစ်နိုင်ငံသို့ ခိုလှုံခွင့်လျှောက်ထားရမည်ဟူသော မူဝါဒကြောင့် လာရောက်ခိုလှုံမှုကို ဆိုင်းငံ့ထားသည်။
သို့သော်လည်း သြစတြီးယားနှင့် ဟန်ဂေရီတို့မှ ရွှေ့ပြောင်းနေထိုင်သူ များ၏ ရထားတွဲများသည် မြူးနစ် နှင့်ရိုဆန်ဟိန်းသို့ ခုတ်မောင်းလာ လျှက်ရှိသည်။

(ရိုက်တာ)

No comments:

Post a Comment