Thursday, September 3, 2015

ထိုင်းဗုံးပေါက်ကွဲမှုအပေါ် သံသယဖြစ်ဖွယ် ဒုတိယမြောက် နိုင်ငံခြားသားတစ်ဦးကို ဖမ်းဆီး


Myanmaalinn's photo.

ဗန်ကောက် စက်တင်ဘာ ၂

လွန်ခဲ့သောလက ဖြစ်ပွားခဲ့သော ဗန်ကောက်ဗုံးပေါက်ကွဲမှုနှင့် ပတ် သက်ပြီး ဒုတိယသံသယရှိသူ နိုင်ငံ ခြားသားတစ်ဦးကို ထိုင်းရဲများက ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ အဆိုပါ သံသယ ဖြစ်ဖွယ် နိုင်ငံခြားသားတစ်ဦးကို ကမ္ဘောဒီးယားနယ်စပ်အနီးတွင် စက် တင်ဘာ ၁ ရက်က ဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့က ၄င်းသည် ထိုင်းနိုင်ငံမှ တရားမဝင်ထွက်ခွာရန် ကြိုးစားနေ သူတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။
သက်ဆိုင်ရာအာဏာပိုင်များကဖမ်းဆီးရမိသူသည် မည်သည့်နိုင်ငံ သားဖြစ်သည်ကို ထုတ်ဖော်ပြောဆို ခြင်းမရှိသေးပေ။ ကနဦး ဗုံးပေါက် ကွဲမှုဖြစ်ပွားရာအနီးရှိ ကင်မရာ၌ တွေ့ရသည့်လူနှင့် ရုပ်ချင်းဆင်တူ ဖြစ်ကြောင်း ပြောခဲ့သည်။
ကြားဖြတ်ဝန်ကြီးချုပ် ပရာယုချန် အိုချာက အဆိုပါအဓိကသံသယ ဖြစ်ဖွယ် တရားခံမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နောက်ကွယ်က ဖြစ်ရပ်အသေးစိတ်ကို ထုတ်ဖော် ပြောဆိုရာတွင် ကူညီမည့်သူဖြစ် ကြောင်း ပြောခဲ့သည်။
ထိုင်းမြို့လယ်ကောင် ဗုံးပေါက် ကွဲမှုနှင့်ပတ်သက်ပြီး ယခုချိန်ထိ သံသယဖြစ်ဖွယ် လူခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ထိုင်း အာဏာပိုင်များက ပြောခဲ့သည်။ ထို့ပြင် အာဏာပိုင်အဖွဲ့က အဆိုပါ ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦးထက် မနည်း ပိုမိုပါဝင်နိုင်သည်ဟု ယူဆ ထားကြသည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment