Wednesday, September 30, 2015

ရာမို့စ်၊ ဘေးလ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ် မယ်လ်မိုအသင်းနှင့် ပွဲစဉ်လွဲချော်မည်





ရီးယဲလ်မက်ဒရစ်အသင်းမှ နောက်တန်းကစားသမား ဆာဂျီယို ရာမို့စ်၊ တိုက်စစ်မှူးများဖြစ်ကြသည့် ဂါရတ်ဘေးလ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ် တို့သည် ဆွီဒင်ကလပ် မယ်လ်မို အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယပွဲစဉ်တွင် ဒဏ်ရာပြဿနာများကြောင့် လွဲချော်လိမ့်မည်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ ရာဖေးလ် ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
တိုက်စစ်မှူး ဂါရတ် ဘေးလ်နှင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ် တို့သည် ကြွက်သားဒဏ်ရာ ပြဿနာများဖြင့် ကြုံတွေ့ နေရပြီး ရီးယဲလ်မက်ဒရစ် အသင်း၏ အမာခံနောက်ခံ ကစားသမားဖြစ်သည့် ဆာဂျီယိုရာမို့စ်မှာမူ ပခုံးဒဏ်ရာကြောင့် ဆွီဒင်မြေသို့ သွားရောက်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်လာရန် မသေချာခဲ့ခြင်းဖြစ် သည်။ တိုက်စစ်မှူး ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် မာလာဂါ အသင်းတို့ ဂိုးမရှိသရေဖြစ်ခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာပြဿနာ ကြုံခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းတွင် နောက်တန်းကစားသမား ငါးဦး အထိ ဒဏ်ရာပြဿနာ ကြုံတွေ့ နေရသည်။ ရီးယဲလ်မက်ဒရစ် အသင်းသည် ချန်ပီယံလိဂ် အုပ်စု (ဗ)အဖွင့်ပွဲစဉ်တွင် ရှက်ခ်တာ ဒိုးနက်စ်ခ် အသင်းအား လေးဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မယ်လ်မိုအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံ လိဂ်အုပ်စုအဆင့် ဒုတိယ ပွဲစဉ်တွင်လည်း အနိုင်ရရှိရန် စွမ်းဆောင် သွားမည် ဖြစ်ကြောင်း ဘင်နီတက်ဇ်က ဆိုသည်။
ငွေကြယ် - ရေးသားသည်

No comments:

Post a Comment