Wednesday, September 30, 2015

ယာယာတိုရေးမှာ ပရီမီယာလိဂ်၏ အကောင်းဆုံးကွင်းလယ်ကစားသမားဟုဆို




မန်စီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးသည် ပရီမီယာလိဂ်တွင် အကောင်းဆုံးကွင်းလယ်ကစား သမားတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဂယ်ရီနဗီးလ်က ချီးကျူးပြောကြားခဲ့သည်။
ကွင်းလယ်ကစားသမား ယာယာတိုရေးသည် ပြီးခဲ့သည့်တစ်ပတ်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီးအသင်း က ဆန်းဒါးလန်း အသင်းအား အနိုင်ရရှိခဲ့သည့် လိဂ်ပွဲစဉ်အပါအဝင် ယခုနှစ်ဘောလုံးရာသီတွင် မန်စီးတီးအသင်း၏ ပွဲစဉ်ရှစ်ခုစလုံးတွင် ပါဝင်ပွဲထွက်ကစားခဲ့သူဖြစ်ပြီး စက်တင်ဘာ ၃ဝ ရက်တွင် ဂျာမနီမြေ၌ မိုချန်ဂလာဘတ်နှင့် ယှဉ်ပြိုင်ကစား မည့် ချန်ပီယံလိဂ် အုပ်စုအဆင့်ဒုတိယပွဲစဉ်တွင်လည်း မန်စီးတီးအသင်းနှင့်အတူ ယာယာတိုရေးပါလာမည်ဖြစ်ကြောင်းလည်းသိရသည်။
ထို့ကြောင့် ဂယ်ရီနဗီးလ်က မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီအနေဖြင့် ပရီမီယာလိဂ်တွင် အကောင်းဆုံးရလဒ်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နိုင်ရေးအတွက်ဆိုပါက အသက်(၃၂)နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ယာယာတိုရေးကို ပြောင်းလဲအသုံးပြုသင့်ကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ''ယာယာတိုရေးဟာ ရက်သတ္တပတ်မှာ သုံးပွဲပဲကစားနိုင်ပါတယ်။ ယာယာတိုရေးဟာ ပရီမီယာလိဂ်မှာ အကောင်းဆုံးကွင်းလယ် ကစားသမားဆိုပေမယ့် ဆက်တိုက်ပွဲထွက်ကစားခွင့်ပြုနေမယ်ဆိုရင်တော့ ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါတယ်''ဟု ဂယ်ရီနဗီးလ်က ဆိုသည်။
ငွေကြယ် ရေးသားသည်

No comments:

Post a Comment