Wednesday, September 2, 2015

ကလေးဒေသရှိ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်းများအား ပြန်လည်ထူထောင်ရေးအတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ထပ်မံလှူဒါန်း



ကလေး စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၏ ဇနီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝေဝေခိုင်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီက ရေဘေးသင့်ခဲ့ရသည့် ကလေးမြို့ မြို့ဦးစံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိ ကြရာ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ဆွမ်းဆန်၊ လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းမှ ကျောင်းသား ကျောင်းသူ ၈၆ ဦးအတွက် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ၊ စားသောက် ဖွယ်ရာများကို လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝေဝေခိုင်နှင့် အဖွဲ့ဝင်များသည် ကလေးမြို့ မဟာသန္တာရုံ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်၊ လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းသို့ အလှူ ငွေကျပ် ၃၅ဝဝဝဝ၊ ဆွမ်းဆန်တော် အိတ် ၄ဝ၊ မုန့်မျိုးစုံ ချပ်ဖာ သုံးဖာ၊ ငါးသေတ္တာဘူး ခြောက်ဖာနှင့် ကျောင်း ဝတ်စုံ ၈၆ စုံ၊ ဗလာစာအုပ် ၁ဝ ဒါဇင်တို့အား လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ဖိုးချမ်း(မုံရွာ)

No comments:

Post a Comment