Wednesday, September 2, 2015

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်



၁။ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် နှင့် တမူးခရိုင်များတွင် နေအိမ်များ လုံးဝပျက်စီးသွားသည့် ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ သင့်လျော်သည့် တန်ဖိုးသင့်အိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိပါသည်။
၂။ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအနေဖြင့် ဖြစ်စေ နိုင်ငံတော်အစိုးရနှင့်အတူ ပါဝင်ကူညီဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

၃။ ပြန်လည်ဆောက်လုပ်ပေးမည့် တန်ဖိုးသင့်အိမ်များ၏ ခန့်မှန်းတန်ဖိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဆောက်လုပ်ရေးပစ္စည်းများ လှူဒါန်းမှုအပေါ် မူတည်၍ ခန့်မှန်းတန်ဖိုးထက် ပိုမိုလျော့နည်းနိုင်ပါသည်။
(က) မိသားစုငါးဦးနှင့်အထက်အတွက် အိပ်ခန်းနှစ်ခန်းပါ ပျဉ်ထောင်သွပ်မိုးအိမ်
(၆၄ဝ စတုရန်းပေ) ၄၄ ဒသမ ၄ သိန်း
(ခ) မိသားစုသုံးဦးအတွက် အိပ်ခန်းနှစ်ခန်းပါ ပျဉ်ထောင်သွပ်မိုးအိမ်
(၅၄ဝ စတုရန်းပေ) ၃၇ ဒသမ ၄ သိန်း

ဆက်သွယ်လှူဒါန်းရန်
ဦးခင်မောင်ရီ
အမြဲတမ်းအတွင်းဝန်
ရုံး(၂၈)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
ဖုန်း- ဝ၆၇-၄ဝ၅ဝ၁၃၊ ဝ၉ ၂ဝဝ၇၄၅၄

No comments:

Post a Comment