Wednesday, September 30, 2015

၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောက်တိုဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ မြန်မာအသင်း ယှဉ်ပြိုင်ကစားမည်



သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မင်းထက်

ရန်ကုန်   စက်တင်ဘာ   ၂၉

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို လာမည့်အောက်တိုဘာ ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ 
                               
မြန်မာ့လက်ရွေးစင် အသင်းကြီးအနေ ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ စူပါချလာ စိုင်းကွင်းကြီး၌  အောက်တိုဘာ  ၈  ရက် ညနေပိုင်းတွင်   လက်ဘနွန်အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် လာအိုအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

 အဆိုပါ ကမ္ဘာ့ဖလား ခြေစစ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစား သမားများကို အပြီးသတ်ရွေးချယ်ခဲ့သည်။ နောက်ဆုံးရွေးချယ်ခဲ့သည့် မြန်မာ့လက်ရွေး စင် အပြီးသတ်လူစာရင်းမှာ ဂိုး-ကျော်ဇင် ဖြိုး(မကွေး)၊ မျိုးမင်းလတ်(KBZ)၊ ရန်အောင် လင်း(ဟံသာဝတီ)၊ နောက်တန်း-ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊   ခင်မောင်လွင်  (ရန်ကုန် ယူနိုက်တက်)၊  နန္ဒကျော်၊  ကျော်ဇင်လွင် (မကွေး)၊  ဇော်ရဲထွန်း၊  စည်သူအောင် (ရတနာပုံ)၊ဇော်လင်း(KBZ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ အလယ်တန်း-အောင်သူ၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ ရှိုင်းသူရ (ရတနာပုံ)၊ ရန်အောင် ကျော်၊ ကြည်လင်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး၊သီဟဇော်(ဧရာဝတီ)၊ ရှေ့တန်း- မောင်မောင်လွင်  (ဟံသာဝတီ)၊ သန်းပိုင်၊ ကျော်ကိုကို   (ရန်ကုန်ယူနိုက်တက်)နှင့် ဆမ်လမ်မန်(ချင်းယူနိုက်တက်)ကို ရွေးချယ် ဖွဲ့စည်းခဲ့သည်။

ယခုရွေးချယ်ထုတ်ပြန်ခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းကြီးတွင်   ယခင် လက်ရွေးစင်ကစားသမားဟောင်း ခင်မောင် လွင်  ပြန်လည်ပါဝင်လာပြီး  လူငယ်ကစား သမားများဖြစ်သည့် ယူ-၂၃ တွင် ခြေစွမ်း ပြခဲ့သည့် ရှိုင်းသူရနှင့် မောင်မောင်လွင်တို့ လည်း ပါဝင်လာကာ အဆိုပါအသင်းကြီးကို အောက်တိုဘာ ၂ ရက်တွင် စတင်လေ့ကျင့်မှု များ ပြုလုပ်သွားမည်ဖြစ်ကာ အောက်တိုဘာ ၄ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ် ကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment