Wednesday, September 30, 2015

မနောမြေကို ဟံသာဝတီအနိုင်ကစား




သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်
၂ဝ၁၅ရာသီMNLအမှတ်ပေး ပြိုင်ပွဲရွှေ့ဆိုင်းထားသည့် ပွဲစဉ် (၁၆)ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ဟံသာဝတီအသင်း နိုင်ပွဲ ရရှိခဲ့သည်။
ဟံသာဝတီ - နှစ်ဂိုး
မနောမြေ - တစ်ဂိုး

ပိုမိုပြင်းထန်လာသည့် တန်းဆင်း ဇုန်တိုက်ပွဲတွင် ဟံသာဝတီအသင်းမှာ နိုင်ပွဲထပ်မံ ရယူနိုင်ခဲ့ပြီး တန်းဆင်း ဇုန်မှ ရုန်းထွက်နိုင်ရန် အခြေအနေ ကောင်းသွားခဲ့သည်။ ယခုရာသီတွင် ခြေစွမ်းပိုင်းကျဆင်းပြီး တန်းဆင်းဇုန် ထဲ ကျရောက်နေသည့် မနောမြေ အသင်းမှာ တန်းဆင်းဇုန်အတွက် အပြိုင်ဖြစ်နေသည့် ဟံသာဝတီကို ရှုံးနိမ့်ခဲ့သောကြောင့် အရှုံးတန်ဖိုး ပိုကြီးသွားခဲ့ရသည်။ ယခုရာသီတွင် MNLပြိုင်ပွဲ၌ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုထက် တန်းဆင်းဇုန်အတွက် ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာဖွယ် ရှိနေသည်။
နှစ်သင်းစလုံးအမှတ်လိုနေသော ကြောင့် အားကုန်ထုတ်ကစားခဲ့ပြီးပွဲမှာ အပြန်အလှန်ရှိခဲ့သည်။ ပွဲအစပိုင်း တွင် ဟံသာဝတီအသင်းက ခြေအသာ ရခဲ့ပြီး ၁ဝ မိနစ်တွင် တိုက်စစ်မှူး အူစမန်နော့ဗ်က အဖွင့်ဂိုးစတင်သွင်း ယူပေးခဲ့သည်။ ဂိုးပေးလိုက်ရ၍ မနော မြေအသင်း အားပြန်ထည့်လာပြီး ၂၅ မိနစ်တွင် အောင်မြင့်ထွန်းက ချေပဂိုး ပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာ သူတင်ကိုယ်တင်ရှိခဲ့ပြီး တောင်ပံ ကစားသမား အောင်မျိုးသူရက ၄၄ မိနစ်တွင် ဟံသာဝတီအတွက် ဒုတိယ ဂိုး သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် မနောမြေအသင်း က ချေပဂိုးရရှိရန် အားပိုထည့် ကစားလာပြီး ဂိုးရနိုင်သည့်အခွင့် အရေးကိုမူ ဟံသာဝတီအသင်းပိုရခဲ့ သည်။တိုက်စစ်မှူး အူစမန်နော့ဗ်၏ အပိုင်ကန်ချက် တိုင်ထိထွက်ခဲ့၍ ဟံသာဝတီအသင်း ဂိုးထပ်မရခြင်း ဖြစ်သည်။ မနောမြေအသင်းမှာ ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဟံသာဝတီခံစစ်ပိုင်းက အမှားအယွင်း မရှိ ဖျက်ထုတ်နိုင်ခဲ့သည်။ ယခုပွဲအပြီး တွင် ဟံသာဝတီက ၁၈ မှတ်၊မနောမြေ အသင်းက ၁၅မှတ်တို့ ရရှိထားသည်။
ယနေ့ပွဲ
(YUSC ကွင်း) 
ရန်ကုန် - ကမ္ဘောဇ
(မုံရွာကွင်း)
ဇေယျာရွှေမြေ - မကွေး
(အောင်ဆန်းကွင်း)
ချင်း - ရခိုင်
(ပေါင်းလောင်းကွင်း)
နေပြည်တော်-ဇွဲကပင်

No comments:

Post a Comment