Wednesday, September 30, 2015

(၈)မိုင်လမ်းဆုံ ခုံးကျော်တံတားသစ်စီမံကိန်း စတင်အကောင်အထည်ဖော်




Myanmaalinn's photo.

ရန်ကုန် စက်တင်ဘာ ၂၉

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကိုဖြေလျှော့စေရေးအတွက် ငွေကျပ် ၁၅ ဒသမ ၈ ဘီလီယံ ကုန်ကျခံတည် ဆောက်မည့် မရမ်းကုန်းမြို့နယ်ရှိ (၈)မိုင်လမ်းဆုံ ခုံးကျော်တံတားသစ်စီမံကိန်း (8 Miles Junction Flyover Bridge) ကို စတင်အကောင်အထည်ဖော်တည်ဆောက်နေပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Crown Advance Construction ကုမ္ပဏီလီမိတက် က တည်ဆောက်မည့် ကမ္ဘာအေးဘုရားလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းဆုံ ပြည်လမ်းမကြီးပေါ်၌ တည်ရှိ သည့် ခုံးကျော်တံတားသစ်စီမံကိန်းတွင် ပင်မတံတားအရှည်မှာ ၄၆၅ မီတာနှင့် ချဉ်းကပ်တံတားအရှည်မှာ တစ်ဖက်တစ်ချက်စီ၌ မီတာ ၃ဝ စီပါဝင်ကာ ပင်မနှင့် ချဉ်းကပ်တံတားအရှည် စုစုပေါင်း ၅၂၅ မီတာရှိကြောင်း သိရသည်။
တံတားသစ်၏ အမျိုးအစားမှာ သံမဏိသံပေါင် အမျိုးအစားဖြစ် ပြီး ယာဉ်တစ်စီးချင်း တံတား ခံနိုင် ဝန် အလေးချိန်မှာ ၇၅ တန်ခံနိုင် ရည်ရှိကာ တံတားကင်းလွတ်အမြင့် မှာ ၈ မိုင်လမ်းဆုံနေရာ၌ ၆ ဒသမ ၅ မီတာရှိကြောင်း သိရသည်။ ပင်မ တံတားအရှည်တွင် ကွန်ကရစ် RC တိုင် ၁၄ တိုင်ရှိပြီး ကမ်းကပ်ခုံ နှစ်ခု ပါဝင်ကာ ချဉ်းကပ်တံတားတိုင်များ၏ တစ်ဖက်တစ်ချက်စီ၌ ကွန်ကရစ် RC တိုင် လေးတိုင်စီနှင့် ကမ်းကပ်ခုံ တစ်ခုစီပါဝင်ကြောင်း သိရသည်။
လက်ရှိအနေအထားအရ ပင်မ တံတားအရှည်၏ ကွန်ကရစ် RC တိုင် ၁၄ တိုင်အနက် တိုင်ကိုးတိုင် အတွက်ကို အုတ်မြစ်ဘိုးပိုင်လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပြီး အလုံးရေအတွက်အရ ၃၆ လုံး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။
Crown Advance Constru- ction ကုမ္မဏီလီမိတက်မှ စီမံကိန်း ဒါရိုက်တာ ဦးသန်းဆွေက ''တံတား စီမံကိန်းလုပ်ငန်းခွင် ဧရိယာအတွက် လမ်းအလယ်ကို ပေ ၃ဝ ယူထားပြီး လက်ရှိ စီမံကိန်းဧရိယာရဲ့ ဘေး တစ်ဖက်တစ်ချက်စီမှာ ယာဉ်များ နှစ်လမ်းစီသွားလို့ရအောင် တစ်ဖက် တစ်ချက်စီ ဝဲ၊ ယာကို အကျယ် ၂၁ ပေစီလမ်းချဲ့ပြီး ဆောင်ရွက်ပေးထား ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုမရှိ အောင် တစ်ဖက်တစ်ချက်စီမှာ ယာဉ်နှစ်စီးစီသွားဖို့ ဆောင်ရွက်ပေး ထားတာပါ။ ဒါလည်း နဂိုရှိနေတဲ့ ပလက်ဖောင်းအဟောင်းကို ဖျက်ပြီး ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက် ပေးလိုက်တာပါ။ တကယ်လို့တံတား သစ် စီမံကိန်းပြီးစီးသွားရင်လည်း ဒီလို ဘေးတစ်ဖက်တစ်ချက်စီမှာဘဲ ယာဉ်များ နှစ်လမ်းစီသွားလို့ရအောင် အတတ်နိုင် ဆုံးဆောင်ရွက်ပေးသွား မှာပါ၊ တံတားသစ်ကြီးအချိန်မီပြီးစီးရေးနှင့် အရေအသွေးကောင်းမွန် အောင်ဆောင်ရွက်သွားမှာပါ၊ အဓိက ယာဉ်ကြောကျပ်တာကို ဖြေရှင်းတဲ့ အနေနဲ့ တည်ဆောက်တာဆိုတော့ တံတားသစ်တည်ဆောက်ပြီးစီးသွား ရင် လမ်းဆုံမီးပွိုင့်မှာ ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရ ခြင်း မရှိတော့ဘဲ တောက်လျှောက် မောင်းနှင်နိုင်ကြတော့မှာပါ'' ဟု ပြောကြားသည်။
တံတားသစ် တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက တံတားပေါ်၌ ယာဉ်လေးလမ်းသွား ဖြစ်သွားမည်ဖြစ်ပြီး တံတားသစ်၏ အောက်တစ်ဖက်တစ်ချက်စီ လမ်း ဝဲ၊ ယာ၌ ယာဉ်များဖြတ်သန်းသွားလာ နိုင်ရန်အတွက် နှစ်လမ်းသွားစီပါဝင် မည်ဖြစ်ကြောင်း၊ ထို့အပြင် မရမ်း ကုန်းမြို့နယ်ရှိ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသစ် စီမံကိန်း(8 Miles Junction Flyover Bridge) အား ၂ဝ၁၆ ခုနှစ် မတ်လ ကုန် အပြီးသတ်တည်ဆောက်သွား မည်ဖြစ်ပြီး တံတားသစ်စီမံကိန်း အတွက် ပြီးခဲ့သည့်စက်တင်ဘာ ၆ ရက်က ပန္နက်တင်စတင်ခဲ့ကြောင်း ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသစ် စီမံကိန်းမှ သိရသည်။


သတင်း-စိုးဝင်း-SP
ဓာတ်ပုံ-တင်မောင်လှ

No comments:

Post a Comment