Wednesday, September 30, 2015

မြန်-ရုရှား တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ရေး၊ စစ်ဘက်ဆိုင်ရာ နည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး



Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ Mr. Alexander Vasillievich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ရေး၊ စစ်ဘက်ဆိုင်ရာနည်းပညာ ရပ်များ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ချစ်ကြည်ရေးနှင့် လေ့လာရေးအဖွဲ့များ စေလွှတ်ရေး၊ ပညာတော်သင် များ စေလွှတ်ရေးနှင့် ရေဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် ပစ္စည်းများ ထောက်ပံ့ကူညီရေးဆိုင်ရာများအား ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Alexander Vasillievich Fomin နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E. Mr. Pospclov Vasily ၊ စစ်သံမှူးColonel Eduard Ogorodchikop နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(မြဝတီ)

No comments:

Post a Comment