Tuesday, September 1, 2015

ပင်းယမြို့ဟောင်းရှိ ပင်းယခေတ် ရှေးဟောင်းဂူဘုရားသုံးဆူအား ပြုပြင်ထိန်းသိမ်းလျက်ရှိ



The Mirror Daily's photo.

နေပြည်တော် သြဂုတ် ၃၁

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ပထမအဆင့်အနေဖြင့် မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် ပင်းယမြို့ဟောင်းရှိ ပင်းယခေတ်ရှေးဟောင်း ဂူဘုရားသုံးဆူအနက် မြောက်ဘက် အကျဆုံး ဂူဘုရားကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ရန်ပုံငွေဖြင့် ရှေးမူလက်ရာမပျက် မွမ်းမံထိန်းသိမ်း ပြင်ဆင်လျက်ရှိသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်သည် သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် အဆိုပါ ရှေးဟောင်းဂူဘုရားသုံးဆူအား ပြုပြင်ထိန်းသိမ်းနေမှုကို လည်းကောင်း၊ အင်းဝမြို့ဟောင်းအတွင်း အတွင်းနန်းမြို့ရိုးတူးဖော်သုတေသနပြုနေ သည့် လုပ်ငန်းခွင်နှင့် နန်းမြင့်မျှော်စင် ၏ကြံ့ခိုင်မှုကို လည်းကောင်း၊ မန္တလေး မြို့ရှိ မဟာလောကမာရဇိန်ကုသိုလ် တော်ဘုရားဂေါပကအဖွဲ့နှင့်အတူ ကျောက်စာရုံနှင့် ကျောက်စာချပ်များ ထိန်းသိမ်းရေးဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီးနောက် ဂေါပကအဖွဲ့၏ တင်ပြချက်များကို ဒုတိယဝန်ကြီးက ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဌာနတာဝန်ရှိသူများက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။

မဟာလောကမာရဇိန် ကုသိုလ်တော် ကျောက်စာချပ်များကို ကမ္ဘာ့အထင်ကရမှတ်တမ်းစာရင်းဝင်အဖြစ် ယူနက်စကိုက ၂ဝ၁၃ ခုနှစ်တွင် အတည်ပြု သတ်မှတ်ပေးခဲ့ပြီးနောက် ယခုအခါ ကျောက်စာချပ်များကို ဂျပန်နိုင်ငံ ဗုဒ္ဓဘာသာအသင်း၏ အထောက်အပံ့၊ Australia Sydney University မှ ပညာရှင်များ၏ အကူအညီဖြင့် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်စာချပ်နှင့် ကျောက်စာရုံများ သန့်စင်ထိန်းသိမ်း ရေးလုပ်ငန်း၊ ကျောက်စာချပ်များကို ဓာတ်ပုံမှတ်တမ်း ပြုစုရေးလုပ်ငန်းနှင့် ပါဠိဘာသာမှ Roman Letter သို့ ဘာသာပြန်ဆိုဖြန့်ဝေရေးလုပ်ငန်း တို့ကို သုံးနှစ်စီမံကိန်းအဖြစ် ၂၁ဝ၄ ခုနှစ်မှစတင်ကာ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ပြီး ရွှေနန်းတော် ကျောင်းထိန်းသိမ်းရေးဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာProgram Director Mr. Jaff Allen၊ အဆောက် အအုံထိန်းသိမ်းရေးပညာရှင် Mr. Ruddy နှင့် သစ်သားထိန်းသိမ်းရေး ပညာရှင် မြ. ႔ောေ့်ငအေ တို့က ရှင်းလင်းပြသပြီး ပညာရှင်များ၏ အကြံပြုချက်များ၊ လိုအပ်ချက်များကို ဌာနတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဒုတိယဝန်ကြီးက မှာကြားသည်။
ရွှေနန်းတော်ကျောင်းကို အမေရိကန် နိုင်ငံသံအမတ်ကြီးများ ရန်ပုံငွေဖြင့်World Monument Fund မှ ပညာရှင်အဖွဲ့နှင့် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပြီး ရွှေနန်းတော် ကျောင်း၏ လက်ရှိဖြစ်ပေါ်နေသော ပျက်စီးယိုယွင်းမှုအခြေအနေများကို အသေးစိတ်လေ့လာဆန်းစစ်၍ ရှေးမူ လက်ရာမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment