Tuesday, September 1, 2015

ပေါက်ကွဲမှုကြောင့် ဆုံးရှုံးသွားသော အိမ်ရာများကို ပေါက်ဈေးထက်ပိုပေး၍၀ယ်ယူမည်



Myanmaalinn's photo.

ထန်ကျင်း သြဂုတ် ၃၁

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ထန်ကျင်း ဆိပ်ကမ်းမြို့တော်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရသူများ အနေဖြင့် ၄င်းတို့၏ အိမ်များကို အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ် ဆောင်သူများအဖွဲ့သို့ ရောင်းချနိုင် ပြီး မရောင်းချလိုသူများအတွက်မူ အစိုးရက ပြန်လည်ပြုပြင်ဆောင်ရွက် ပေးသွားမည်ဟု သိရသည်။
သြဂုတ်လ အစောပိုင်းက ဓာတုကုန်လှောင်ရုံ၌ ဖြစ်ပွားခဲ့သော အဆိုပါ ပေါက်ကွဲမှုကြီး၌ လူ ၁၅ဝ ထက်မနည်း သေဆုံးခဲ့ပြီး မြို့နေ ပြည်သူရာပေါင်းများစွာတို့က နစ်နာ ဆုံးရှုံးရ မှုအတွက် လျော်ကြေးပေးရန် ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။
အချို့သော လူနေအဆောက် အအုံများမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော အဆိုပါ ဓာတုပစ္စည်း သိုလှောင်ရုံနှင့် အနီးကပ်ဆုံးတွင် ရှိသော အဆောက်အအုံများဖြစ်ရာ ပြည်သူလူထု၏ ဒေါသ အဟုန်မှာ မြင့်တက်လျက်ရှိသည်။
အိမ်ရာမြေ ဖွံ့ဖြိုးရေး လုပ်ဆောင်သူများအဖွဲ့က အိမ်ရာ ပိုင်ဆိုင်သူများထံမှ ပြန်လည် ဝယ်ယူရေး ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း တနင်္ဂနွေ နေ့က ထန်ကျင်းမြို့တော် ဘင်ဟိုင် ဧရိယာရှိ အိမ်ရာစီမံခန့်ခွဲ မှုအဖွဲ့၏ ပြောကြားမှုကို ကိုးကား လျက် ဆင်ဟွာသတင်း၌ ဖော်ပြ သည်။
ပေါက်ကွဲမှုမဖြစ်ပွားမီ မြို့နေ လူထုက ၄င်းတို့၏ နေအိမ်များကို ဝယ်ယူခဲ့သည့် ပေါက်ဈေးထက် ပိုပေး၍ ညွန့်ပေါင်းအဖွဲ့က ဝယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment