Monday, September 28, 2015

ကလော၊ ပြင်ဦးလွင်နှင့် နန့်ခမ်းမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ





နေပြည်တော် စက်တင်ဘာ ၂၇
မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၂၄ ရက်က ကလောမြို့မှ သာစည်သို့ ခင်မောင်ဝင်း မောင်းနှင်ပြီး မောင်ဆွိနှင့်မင်းမင်းထွန်း တို့လိုက်ပါလာသည့် မော်တော်ယာဉ် ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝ ကိုလည်းကောင်း၊ စက်တင်ဘာ ၂၃ ရက်က ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး(၂) မောဓနုလမ်းနေ စိုးဇာနည် အောင်(ခ)ဇာနည်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ဝဝ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။
အလားတူ စက်တင်ဘာ၂၃ရက်က နမ့်ခမ်းမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစီးအဖွဲ့နှင့် ရဲတပ်ဖွဲ့ ဝင်များသည် နမ့်ခမ်းမြို့ အမှတ် (၄) ရပ်ကွက်တွင် တွေ့ရှိသူ အိုက်ဆမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂ ပြားနှင့် ဘိန်းဖြူ သုည ဒသမ ဝဝ၃ ကီလိုတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင် ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment