Monday, September 28, 2015

ချမ်းအေးသာစံမြို့နယ်တွင် မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ




မန္တလေး စက်တင်ဘာ ၂၇
မူးယစ်နှိမ်နင်းရေးတပ်စု(၁၈)မှ ဒုတိယရဲမှူးသန်းထွဋ်နှင့် အဖွဲ့သည် စက်တင်ဘာ၂၅ ရက် မွန်းလွဲ၁၂ နာရီခွဲက ချမ်းအေးသာစံမြို့နယ်(၇၇)လမ်း(၃၄)လမ်းနှင့်(၃၅)လမ်း ကြားကဉ္စဏမဟီရပ်ကွက်နေ ဦးရီအေး(၆၃)နှစ်နေအိမ်အား မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ ¤င်းအား နေအိမ်တွင်တွေ့ရပြီး အိမ်ခန်းအတွင်း ရေချိုးကန်ပေါင်ပေါ်မှ စီးကရက်ဘူး အတွင်းထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ပြားနှင့် ရေအိမ်သာဘေးမှ ပလတ်စတစ်ဘူးဖြင့်ထည့်လျက် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် သုည ဒသမ၂၈ ဂရမ်နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများအား သိမ်းဆည်ပြီး ချမ်းအေးသာစံမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment