Wednesday, September 2, 2015

ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ မီးလောင်ကျွမ်းကားအား ဖယ်ရှားစေလို



ကောလင်း စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သြဂုတ် ၁၂ ရက်က ခရီးသည်တင် အောင်ရတနာမှန်လုံကားတစ်စီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့သည်။ ယင်းမီးလောင်ကျွမ်းခဲ့သောကားသည် လမ်း၏မိုင်တိုင်အမှတ် (၁ဝ၇/၃)တောင်အတက် ကွေ့လမ်းပေါ်တွင် ရှိနေပြီး မန္တလေး- ရွှေဘို-မြစ်ကြီးနားမြို့များမှ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များအတွက် ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်မှု ရှိနေသည်။ မီးလောင်ကျွမ်းခဲ့သော ယာဉ်အား အမြန်ဆုံးဖယ်ရှားရှင်းလင်းရန်လိုကြောင်း ယင်းလမ်းမကြီးပေါ်တွင် ပြေးဆွဲလျက်ရှိသော ယာဉ်မောင်းများက ပြောပြသည်။
ကိုကိုမောင်(ကောလင်း)

No comments:

Post a Comment