Monday, September 28, 2015

ဗန်ဟားလ်နေရာတွင် အစားထိုးရန် ရိုင်ယန်ဂစ်အား ဖာဂူဆန်ထောက်ခံ




မန်ယူအသင်း၏ လက်ရှိနည်းပြ ဗန်ဟားလ်နေရာတွင် အစားထိုးနည်းပြအဖြစ် ခေါ်ယူခန့်အပ်ရန် လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာအား နေရာပေးသွားရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေစဉ် တွင် မန်ယူအသင်း၏ ဂန္ထဝင်နည်းပြ ဖာဂူဆန်ကတော့ ဗန်ဟားလ်၏ ရာထူးနေရာတွင်ဆက်ခံရန်မှာ လက်ထောက် နည်းပြ ရိုင်ယန်ဂစ်မှာ အသင့်တော်ဆုံးဖြစ်ကြောင်း ထောက်ခံပြောကြားလိုက်သည်။
အသက်(၄၁)နှစ်အရွယ်ရှိ ရိုင်ယန်ဂစ်သည် လက်ရှိတွင် နည်းပြဗန်ဟားလ်၏ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင် နည်းပြဗန်ဟားလ် မန်ယူအသင်းနှင့် လမ်းခွဲသွားခဲ့ပါက မန်ယူ နည်းပြအဖြစ် တာဝန်လွှဲပြောင်းရယူစေလိုကြောင်းနှင့် သင့်တော်သည့်အနေအထားတွင်ရှိကြောင်း ဖာဂူဆန်က ဆိုခဲ့ ခြင်းဖြစ်သည်။
မကြာသေးမီက ထွက်ပေါ်လာခဲ့သည့်သတင်းများအရ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာမှာ နည်းပြ ဗန်ဟားလ်နေရာတွင် အစားထိုးနည်းပြအဖြစ်ခန့်အပ်ရန် ပထမဦးစားပေးနည်းပြဖြစ်ကြောင်း ဆိုထားသည်။ သို့ရာတွင် လက်ရှိလက်ထောက်နည်းပြ ရိုင်ယန်ဂစ်သည်လည်း နည်းပြတာဝန်များကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်စွမ်းရှိ သည်ဟု ယုံကြည်ထားကြောင်း ဖာဂူဆန်က ထုတ်ဖော်ပြောကြားခဲ့သည်။
မန်ယူအသင်းအနေဖြင့် လက်ရှိနည်းပြဗန်ဟားလ် ၂ဝ၁၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ နည်းပြသစ် အတွက် ကြိုတင်စီစဉ်ထားခြင်းဖြစ်သော်လည်း နည်းပြဗန်ဟားလ်ကမူ ယခုစာချုပ်သက်တမ်းကုန်ဆုံးပါက အနားယူ မည်ဟုဆိုထားသော်ငြား နောက်ထပ်စာချုပ်သစ်ချုပ်ဆိုမည်၊ မချုပ်ဆိုမည်နှင့် စပ်လျဉ်း၍ တိကျသေချာသောအဖြေ တစ်ခုကို ပေးထားခြင်းမရှိကြောင်း သိရသည်။
ငွေကြယ်
စုစည်းသည်

No comments:

Post a Comment