Tuesday, September 29, 2015

နှလုံးသားချင်းဆက်သွယ်လို့ လက်တွဲကူညီကြပါစို့ ပရဟိတရန်ပုံငွေဖျော်ဖြေပွဲကျင်းပ




Myanmaalinn's photo.
ရန်ကုန် စက်တင်ဘာ ၂၈

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် တရုတ်-မြန်မာ ချစ်ကြည် ရေးအသင်းတို့မှ ပူးပေါင်းတင်ဆက် သည့် SUPPORT MYANMAR နှလုံးသားချင်းဆက်သွယ်လို့ လက်တွဲ ကူညီကြပါစို့'' ပရဟိတရန်ပုံငွေ ဖျော်ဖြေပွဲကို ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ကျင်းပရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဂီတအနုပညာ ရှင်များနှင့် မြန်မာနိုင်ငံမှ ပြည်သူချစ် အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေ တင်ဆက်မည့် ပရဟိတရန်ပုံငွေဂီတ ဖျော်ဖြေပွဲမှ ရရှိလာသောငွေကြေး များကို မြန်မာနိုင်ငံအတွင်းရှိ ရေဘေး သင့်ပြည်သူများအား ကူညီထောက်ပံ့ ရာတွင် အသုံးပြုမည်ဖြစ်သည့် အတွက် ပွဲစီစဉ်သူ များနှင့် အနုပညာ ရှင်များ၏ မွန်မြတ်သည့်စိတ်ထားကို ချီးကျူးအပ်ကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု ပိုမိုအဓွန့်ရှည် တည်တံ့ပါစေကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်း အောင်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ‘ဒုတိယဥက္ကဋ္ဌ မစ္စတာဖုန်ဖန့် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျှန်တို့က ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားကြသည်။
ထို့နောက် ကလေးငယ်များက ဂီတဖျော်ဖြေပွဲအဖွင့်ကို ဖယောင်းတိုင် ထွန်းညှိပုံဖော်ကြပြီး ရေဘေးနှင့် ပတ်သက်သော နောက်ခံအကြောင်း အရာများကို ဗီဒီယိုဖိုင်ဖြင့် ပြသည်။
ယင်းနောက် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ အနု ပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။
ယမန်နေ့ကျင်းပသည့် ပရဟိတ ရန်ပုံငွေဖျော်ဖြေပွဲမှရရှိသည့် အလှူ ငွေများအားလုံးကို မြန်မာနိုင်ငံအတွင်း ရှိ ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment