Tuesday, September 29, 2015

မန္တလေးယဉ်ကျေးမှုပြတိုက်နှင့်ရွှေနန်းတော်ကျောင်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်



Myanmaalinn's photo.

နေပြည်တော် စက်တင်ဘာ ၂၈

ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် စက်တင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲတွင် တံတားဦးမြို့နယ်ရှိ ပင်းယမြို့ဟောင်းဂူကြီးသုံးလုံး၌ ထိန်း သိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသခဲ့ သည်။ ဆက်လက်၍ အင်းဝမြို့ ဟောင်းနန်းမြို့ရိုး တူးဖော်မှုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ရာ တူးဖော်မှုလုပ်ငန်းခွင်၌ သက်ဆိုင်ရာတူးဖော်မှု တာဝန်ရှိသူ များက ဆက်လက်ဆောင်ရွက်မည့် တူးဖော်မှုလုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြသ၍ လုပ်ငန်းများ သတ် မှတ်ချိန်ပြီးစီးအောင် စနစ်တကျစီမံ ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အင်းဝမြို့ ဟောင်းအတွင်းရှိ ပင်းယခေတ် ဂူတော်သစ်ဘုရား ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အင်းဝမြို့ ဟောင်းသည် မင်း ၃၁ ဆက် အုပ်စိုး ခဲ့ပြီးနှစ်ပေါင်း ၄ဝဝ ကျော်ခန့် ကြာရှည်ခဲ့သည့် မင်းနေပြည်တော် ဖြစ်၍ အင်းဝခေတ်၊ ညောင်ရမ်း ခေတ်နှင့် ကုန်းဘောင်ခေတ် ရှေးဟောင်း အဆောက်အအုံများ များစွာ ကျန်ရှိနေသော မြို့ဟောင်း တစ်ခုဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မန္တလေး ယဉ်ကျေးမှုပြတိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ပြတိုက်တာဝန် ခံနှင့် တာဝန်ရှိသူများက ပြတိုက် ပြုပြင်ထိန်းသိမ်းရေးနှင့် ခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြတိုက်ကို အများပြည်သူစိတ်ဝင်တစားလေ့လာ ကြည့်ရှုနိုင်ရေး ပြင်ဆင်ခင်းကျင်းရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ မန္တလေးရွှေနန်းတော် ကျောင်းသို့ ရောက်ရှိပြီး ရွှေနန်းတော် ကျောင်းကို Ambassdor Fund for Cultural Property ရန်ပုံငွေဖြင့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့်ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်ချက်များကို Mr. Ruby Christian u Power Point ဖြင့် ရှင်းလင်းပြသသည်။
ထို့နောက် ရွှေနန်းတော်ကျောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

(သတင်းစဉ်)

No comments:

Post a Comment