Tuesday, September 29, 2015

ရွှေတိဂုံစေတီတော်နှင့် ကမ္ဘာအေးစေတီတော်တို့၌ တော်သတင်းလပြည့်ဂရုဓမ္မအခါတော်နေ့ကျင်းပ



Myanmaalinn's photo.

ရန်ကုန် စက်တင်ဘာ ၂၈


ယနေ့သည် ၁၃၇၇ ခုနှစ် တော်သလင်းလပြည့် နေ့ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဂရုဓမ္မ အခါတော်နေ့တစ်နေ့ဖြစ်သည်။ကိုယ်ကျင့်သီလစောင့် ထိန်းလိုက်နာရမည့် ဂရုဓမ္မ အခါတော်နေ့အခမ်းအနား များကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်နှင့် ကမ္ဘာအေးစေတီတော်တို့၌ ကျင်းပခဲ့ကြ သည်။
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ဂေါပက အဖွဲ့ကကြီးမှူးကျင်းပသည့် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့အခမ်းအနားကို နံနက် ၆ နာရီတွင် စေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များ တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများက ရွှေတိဂုံ စေတီတော်မြတ်အား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ကပ်လှူပူဇော်ကြပြီး သူတော်ကောင်း တို့အလေးဂရုထား ကျင့်သုံးလိုက်နာသည့် ဂရုဓမ္မ ငါးပါး သီလတော်ဆိုင်ရာ အမွှန်းများကို ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာပို့ဆုတောင်း ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အလားတူ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် တော်သလင်းလပြည့် ဂရုဓမ္မအခါ တော်နေ့ မင်္ဂလာအခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် ကမ္ဘာအေးစေတီတော်အာရုံခံတန်ဆောင်း အပေါ်ထပ် ၌ ကျင်းပသည်။
အခမ်းအနားတွင် စေတီတော်ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးလှထွန်းက ဂရုဓမ္မအခါတော် နေ့အကြောင်းကို မင်္ဂလာထောပနာစကားဖြင့် ရှင်းလင်း ပြောကြားပြီး ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်း ၂၁ သင်းမှ အဖွဲ့ဝင်များက ဂရုဓမ္မဇာတ်တော်အမွှန်းနှင့် ငါးပါးသီလ ကိုယ်ကျင့်တရားကဗျာတို့ကို စုပေါင်းရွတ်ဆို ပူဇော်ကြပြီး မေတ္တာပို့ဆုတောင်း အမျှဝေကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment