Thursday, September 3, 2015

ပို့ကုန် နှင့် သွင်းကုန်ကဏ္ဍများ မြင့်တက်လာရေး ကွင်းဆင်းကြပ်မတ်ဆောင်ရွက်



The Mirror Daily's photo.

ကော့သောင်း စက်တင်ဘာ ၂

ကုန်သွယ်ရေးစခန်း(ကော့သောင်း) Mobile Team အဖွဲ့မှ စားသုံးသူကာကွယ်ရေးနှင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများ မဖြစ်ပေါ်စေရေးနှင့် မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့ မှတစ်ဆင့် ပြည်ပနိုင်ငံသို့တင်ပို့မည့် ငါးသယ်(ဝါလပ်) လှေများနှင့် ပြည်မသို့ထွက်ခွာမည့် ကုန်တင်သင်္ဘောကြီးများအား ပါချန်ပင်လယ်ဝတွင် ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းများ ကို သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများအဖြစ် ကုန်သွယ်ရေးစခန်း (ကော့သောင်း)Mobile Team အဖွဲ့သည် မြိတ်မြို့နှင့် ကော့သောင်းမြို့တို့မှ ဖမ်းဆီးရရှိပြီး ထိုင်းနိုင်ငံသို့တင်ပို့မည့် ပင်လယ်ရေထွက်ပစ္စည်းများတင်ဆောင်လာသည့် ငါးသယ် (ဝါလပ်)လှေ များအား တင်ပို့မည့် ငါးသယံဇာတများအပေါ် နိုင်ငံတော်သို့ ပေးသွင်းရမည့်အခွန်အခများ ပေးသွင်းမှုအထောက်အထားများ၊
တင်ဆောင်လာသည့် ငါးအမျိုးအစားနှင့် ကုန်ချိန်မှန်ကန်ကိုက်ညီမှုရှိ-မရှိ၊ ပြည်ပမှ ကုန်ပစ္စည်းများတင်သွင်းပြီး ပြည်မသို့ထွက်ခွာမည့်သင်္ဘောကြီးများအပေါ် ကန့်သတ်တားမြစ်ကုန်ပစ္စည်း တင်ဆောင်မှုရှိ-မရှိတို့ကို ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းဖြစ်သည်။
ကျော်စိုး(ကော့သောင်း-ပြန်/ဆက်)

No comments:

Post a Comment