Thursday, September 3, 2015

ရေစကြိုမြို့နယ် နေရာအချို့တွင် မိုးစပါးများ စိုက်ပျိုးပြီးစီး



The Mirror Daily's photo.

ရေစကြို စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်း၂ဝ၁၅-၂ဝ၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးမှုကို ရေရရှိရေးနည်းလမ်းခြောက်သွယ်ဖြင့် စိုက်ပျိုးလျက်ရှိရာ ဝါယာ- သာစည် လျှပ်စစ်မြစ်ရေတင် ရေသောက်ဧရိယာတွင် ဝါယာကွင်း၌ မိုးစပါး များ စိုက်ပျိုးထားကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်း ၂ဝ၁၅-၂ဝ၁၆ ခုနစ် မိုးစပါးစိုက်ပျိုးရန် ၃ဝ၇၇၆ ဧက လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသော်လည်း ယခုနှစ် မြစ်ရေဝင်ရောက်မှုမှာ ယခင်နှစ်ထက် နုန်းအနယ်များပို့ကျမှု ပိုမိုများလာသဖြင့် ကျွန်းပိုင်းဒေသ အနိမ့်ပိုင်းတွင် နုန်းထုမှာပိုမိုထူလာကာ ယခုနှစ် မိုးစပါး စိုက်ပျိုးရန် အခက်အခဲများရှိကြောင်း ယင်းဒေသမှ စိုက်ပျိုးသူလယ်သမားများက ပြောသည်။

ဆည်ရေ၊ လျှပ်စစ်မြစ်ရေတင်ရေ၊ ဆည်ငယ်ကန်ငယ်ရေ၊ မြေအောက်ရေ၊ ရေစုပ်စက်ရေတို့ဖြင့် စိုက်ပျိုးရန်လျာထားသော စိုက်ဧကများ အပြည့်အဝစိုက် ပျိုးနိုင်သော်လည်း မြစ်ရေဝင်ဒေသတွင် လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ရန် အခက်အခဲရှိ၍ တစ်မြို့နယ်လုံး စပါးစိုက်ပျိုးမှု လျော့ကျဖွယ်ရှိကြောင်း အဆိုပါ ဒေသခံလယ်သမားများက သုံးသပ်ပြောသည်။ ဖေထွဏ်းဇော်(ရေစကြို)

No comments:

Post a Comment