Wednesday, September 2, 2015

ဂါဇာအဓိကနယ်စပ်ဖြတ်ကျော်ဂိတ် အစ္စရေးပိတ်။ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်ဟုဆို



Myanmaalinn's photo.

ဂါဇာ စက်တင်ဘာ ၁

အစ္စရေးတောင်ပိုင်းသို့ ကမ်းရိုးတန်းဒေသဘက်မှ ဒုံးကျည်တစ်စင်းနှင့်ကျရောက်ခဲ့ပြီးနောက် အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း အီရက်ဇ် နယ်စပ်ဒေသကို အင်္ဂါနေ့နံနက်ပိုင်းတွင် အစ္စရေးတို့က ပိတ်ထားလိုက်သည်။
ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတောင်ပိုင်းသို့ စစ်သွေးကြွများက ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်ပြီးနောက် ဂါဇာနယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ထား လိုက်ပြီဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို ကိုးကားလျက် အစ္စရေးမီဒီယာက ဖော်ပြသည်။ အဆိုပါဒုံးကျည်ဖြင့် ပတ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် ပျက်စီးမှု တစ်စုံတစ်ရာမရှိဟု ဆိုသည်။
အစ္စရေးတို့အနေဖြင့် နောက် ထပ် သတိပေးမှု တစ်စုံတစ်ရာမရသည့် တိုင်အောင် အီရက်ဇ်၏နယ်စပ်ဖြတ် ကျော်ဂိတ်ကို ပိတ်ထားလိမ့်မည် ဖြစ်ကြောင်း၊ ဟားမားစ်အဖွဲ့၏ပြည် ထဲရေးဝန်ကြီးဌာနမှ သတင်းကြေညာ ချက် တစ်ရပ်ထုတ်ပြန်ထားသည်။
လူသားချင်းစာနာမှုအကူအညီ၊ အထူးသဖြင့်အစ္စရေးနှင့် အနောက် ဘက်ကမ်းဒေသရှိ ဆေးရုံများသို့ ဆေးကုသရန် လူနာများကို ဖြတ် သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
အင်္ဂါနေ့က အမည်မသိ စစ်သွေး ကြွများက ဂါဇာမှအစ္စရေးသို့ ဒုံးကျည် ဖြင့် ပစ်ခတ်ခဲ့ရာ ဒုံးကျည်မှာ နယ်စပ် ခြံစည်းရိုးအနီး ကျရောက်ခဲ့ကြောင်း ဆိုသည်။

(ဆင်ဟွာ)

No comments:

Post a Comment