Wednesday, September 2, 2015

ဆိုမာလီတောင်ပိုင်းရှိ အာဖရိကသမဂ္ဂ၏ စစ်အခြေစိုက်စခန်းကို အယ်လ်ရှာဘတ်စစ်သွေးကြွများက တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံး



Myanmaalinn's photo.

မိုဂါဒစ်ရှူး စက်တင်ဘာ ၁

ဆိုမာလီတောင်ပိုင်းရှိ အာဖရိကသမဂ္ဂ (အေယူ)အခြေစိုက်စခန်းတစ်ခုကို အင်္ဂါနေ့အစောပိုင်းတွင် အယ်လ်ရှာဘတ်စစ်သွေးကြွများက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ စစ်သွေးကြွအုပ်စုနှင့် ဒေသခံများက ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် များစွာသော အေယူ တပ်ဖွဲ့ဝင်များ သေဆုံးသွားခဲ့ကြောင်း အတည်မပြုနိုင် သောသတင်းများက ဆိုသည်။
ယင်းအခြေစိုက်စခန်းကို အယ်လ်ရှာဘတ်တိုက်ခိုက် ရေးသမားတစ်ဦးက ကားဗုံးခွဲတိုက်ခိုက်ပြီး သေနတ် သမားများက စခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များကို ပစ်ခတ် မှုများ ပြုလုပ်ခဲ့ကြောင်း အယ်လ်ခိုင်ဒါမဟာမိတ်စစ်သွေးကြွ များက ပြောသည်။
မြို့တော်မိုဂါဒစ်ရှူးတောင်ဘက် ၅၅ မိုင်အကွာ ဂျာနေးလ်အခြေစိုက်စခန်း တိုက်ခိုက်မှုအတွင်း ငြိမ်းချမ်း ရေးတပ်ဖွဲ့ဝင် ၅ဝ ခန့် သေဆုံးသွားကြောင်း အယ်လ်ရှာဘတ်အဖွဲ့က ပြောသည်။ ''ဒီအခြေစိုက်စခန်းက ကျုပ်တို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်သွားခဲ့ပါပြီ''ဟု အယ်လ်ရှာဘတ် ပြောရေးဆိုခွင့်ရှိသူ အဘူမူဆက်က ပြောသည်။
စစ်သွေးကြွများအနေဖြင့် အခြေစိုက်စခန်းအနီး တံတားကို ဖျက်ဆီးလိုက်သဖြင့် စစ်အခြေစိုက်စခန်းမှာ အကြီးအကျယ်ထိခိုက်မှုရှိခဲ့ကြောင်း ဂျာနေးလ်မြို့အနီး ဆိုမာလီ စစ်ဘက်အရာရှိ ဗိုလ်ကြီးဘီလိုအိုင်ဒိုက ပြောသည်။


(ရိုက်တာ)

No comments:

Post a Comment