Monday, September 28, 2015

တောမီးလောင်ခဲ့သည့်နေရာများမှ အပျက်အစီးများဖယ်ရှားရန် ကာလီဖိုးနီးယားပြည်နယ် အရေးပေါ်ရန်ပုံငွေ သုံးစွဲမည်



ဆန်ဖရန်စစ္စကို စက်တင်ဘာ ၂၇
အမေရိကန်ပြည်ထောင်စု ကာလီ ဖိုးနီးယားပြည်နယ်၌ ဆိုးရွားပြင်းထန် သော တောမီးလောင်မှု နှစ်ကြိမ်ဖြစ် ပွားခဲ့ပြီးနောက် မီးလောင်ပြင်ရှိ အပျက်အစီးများကို ရှင်းလင်းဖယ်ရှား နိုင်ရေးအတွက် ပြည်နယ်အရေးပေါ် ရန်ပုံငွေမှ ဒေါ်လာ ၁ဝ သန်း ကျခံ သုံးစွဲရန် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျာရီဘရောင်းက ညွှန်ကြားလိုက် ကြောင်း ဒေသဆိုင်ရာ သတင်းဌာနက ရေးသားဖော်ပြသည်။
တောမီးလောင်ပြီးနောက် ကျန်ရစ် ခဲ့သည့် အပျက်အစီးများသည် ပြည် သူတို့၏ ကျန်းမာရေးနှင့် လူနေမှုဘဝ တို့ကို ခြိမ်းခြောက်လျက်ရှိသဖြင့် အမြန်ဆုံး ရှင်းလင်းဖယ်ရှားရန် လိုအပ်ကြောင်း၊ တောမီးလောင်မှု ဖြစ်ပွားခဲ့သည့် ရပ်ရွာများ ပြန်လည် ထူထောင်ရေးအတွက် ပြည်နယ်အစိုးရက ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက လွှတ်တော်၏ ဘတ်ဂျက်ငွေစာရင်းကော်မတီထံသို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။
ကာလီဖိုးနီးယားပြည်နယ်ရှိ ဗယ်လီနှင့် ဘတ် အရပ်ဒေသများရှိ မြေနေရာ ဧက ၁၄၅ဝဝဝ ကျော်၌ တောမီးလောင်ကျွမ်းခဲ့ရာ သုံးဦး သေဆုံးပြီး မီးသတ်သမားလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ နေအိမ် ၁၇၁၃ လုံး ပျက်စီး ဆုံးရှုံးခဲ့ရသည်။
ရိုက်တာ။

No comments:

Post a Comment