Wednesday, September 30, 2015

ဆီးရီးယားပြည်တွင်းစစ် သံတမန်နည်းလမ်းအရ အဆုံးသတ်ရေး အမေရိကန်သမ္မတနှင့်ရုရှားသမ္မတတို့ သဘောတူညီမှုရရှိ




ကုလသမဂ္ဂ စက်တင်ဘာ ၂၉
ရုရှားနှင့် အမေရိကန်တို့သည် ဆီးရီးယားသမ္မတ ဘရှာအယ်လ် အာဆတ်ကို အာဏာဆက်ပေးရေး အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြ သော်လည်း ဆီးရီးယားပြည်တွင်း စစ်ကိုသံတမန်နည်းလမ်းဖြင့်အဆုံးသတ်ရန် တနင်္လာနေ့က သဘော တူညီမှု ရရှိသွားပြီဖြစ်သည်။
လွန်ခဲ့သော သီတင်းပတ်များက ရုရှားကဆီးရီးယားတွင်စစ်ရေးအရ ပါဝင်ရန် ကြိုးပမ်းခဲ့ပြီးနောက် ဆီးရီး ယားပြည်တွင်းစစ်တွင် ယင်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာ ခြင်းကို ရှောင်ရှားသင့်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မိနစ် ၉ဝ ကြာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း သဘော တူညီခဲ့ကြသည်။
အမေရိကန်၊ ပြင်သစ်နှင့်မဟာမိတ်နိုင်ငံများသည် အစ္စလာမ် တိုင်းပြည်တစ်ခု တည်ထောင်ရန် ရည်မှန်းချက် အစိတ်အပိုင်းတစ်ခု အဖြစ် အိမ်နီးချင်း အီရတ်နှင့် ဆီးရီးယားရှိ ဒေသအတော်များများ ကို သိမ်းပိုက်ပြီး အင်အားချဲ့ထွင်မှု ပြုလုပ်နေသော အိုင်အက်စ်အကြမ်း ဖက်စစ်သွေးကြွများကို ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ဆီးရီးယားနိုင်ငံအတွင်း ရုရှား၏တင့်ကားနှင့် စစ်လေယာဉ်များရှိ နေခြင်းသည် ပြဿနာဖြစ်လာနိုင် ကြောင်း အမေရိကန်က မော်စကို အားအဓိက မေးခွန်းထုတ်ခဲ့သည်။
ရုရှားအနေဖြင့် အိုင်အက်စ်တို့ အား ဆန့်ကျင်တိုက်ခိုက်နေသည့် ဆီးရီးယားအစိုးရနှင့်ကာ့ဒ် တပ်ဖွဲ့ များကိုသာ အကူအညီပိုမိုပေးသင့် သည်ဟု အိုဘားမားနှင့် တွေ့ဆုံ အပြီး သမ္မတပူတင်က သတင်း ထောက်များအား ပြောသည်။
ရုရှားနှင့် အမေရိကန် ဆက်ဆံ ရေးသည် ၂ဝ၁၄ ခုနှစ်မတ်လတွင် ယူကရိန်းမှ ကရိုင်းမီးယားကို မော်စကိုက လက်နက်နိုင်ငံပြုခဲ့ ပြီးနောက် တင်းမာမှုများ ဖြစ်ခဲ့ရ သည်။


(ရိုက်တာ)

No comments:

Post a Comment