Monday, September 28, 2015

စူပါမွန်းဖြစ်စဉ် ယနေ့အတောက်ပဆုံးမြင်တွေ့ရ




သတင်းမှတ်စု- ALEZ
ယနေ့(စက်တင်ဘာ ၂၇ ရက်)ညတွင် မြန်မာနိုင်ငံရှိ ကောင်းကင်တစ်ခွင်တွင် ယခင်ည များနှင့်မတူ လင်းလက်တောက်ပနေသည်။ တော်သလင်းလပြည့်နေ့မတိုင်မီ အကြိုညဖြစ်သော် လည်း ယခင်လပြည့်ညများထက် ပိုမိုထွန်းလင်းသည်ဟု ဆိုရမည်။ ယင်းသို့ဖြစ်ရသည်မှာ လသည် ကမ္ဘာနှင့်အနီးဆုံးသို့ ရောက်ရှိလာပြီး ကမ္ဘာမြေမှပြည်သူများ လကို အနီးကပ်ဆုံးနှင့် အကြီးဆုံးမြင်ရခြင်းဖြစ်သည်။ တိမ်သလ္လာဖုံးသော်လည်း ထွန်းလင်းမှုအားကောင်းသည်။
ယင်းအချိန်တွင် လ၏အချင်းသည် မူလအရွယ်အစားထက် ၁၄ ရာခိုင်နှုန်းပိုကြီးလာသည်။ ထို့ကြောင့် ကမ္ဘာနှင့်အနီးဆုံးနှင့် အတောက်ပဆုံးမြင်ရခြင်းဖြစ်သည်။ ယခုဖြစ်စဉ်တွင် မြန်မာနိုင်ငံအဖို့ အတောက်ပဆုံးမြင်တွေ့မှုသာရှိပြီး စူပါမွန်းနှင့် လကြတ်ခြင်းဖြစ်စဉ်ကို တစ်ပြိုင်တည်းမြင်တွေ့ရမည်မဟုတ်ချေ။ လကြတ်မှုဖြစ်စဉ်ကို အမေရိကတိုက်၊ ဥရောပတိုက် နှင့် အာဖရိကတိုက်တို့ကသာ မြင်တွေ့နိုင်သည်။ ယနေ့ညတွင် လသည် ကမ္ဘာနှင့်အနီးဆုံး ရောက်ရှိလာချိန်တွင် ကမ္ဘာသည် လနှင့်နေအကြားသို့ ရောက်သွားသည်။ ထိုအခါ လကြတ်ခြင်း ဖြစ်ပေါ်လာသည်။ ယခုနှစ်တွင် စူပါမွန်းနှင့်လကြတ်ခြင်းဖြစ်စဉ် တစ်ပြိုင်တည်း ရှားရှားပါးပါး ဖြစ်ပေါ်ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၁၉၄၆ ခုနှစ်၊ ၁၉၆၄ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့ဖူး သေးသည်။
နောက်တစ်ကြိမ်မှာ ၂ဝ၃၃ နှစ်ရောက်မှ တွေ့နိုင်မည်ဖြစ်၍ ကြုံခဲ့သော ဖြစ်စဉ်ဟုဆိုရမည်။ ထိုဖြစ်စဉ် ကြောင့်ပင်လယ်ဒီရေမှာ ပုံမှန်ထက် ထူးကဲစွာမြင့်တက်လာဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ပြောကြား သည်။ မြန်မာနိုင်ငံအနေဖြင့်ဒီရေတက်မှုမှ လွဲ၍ အခြားသက်ရောက်မှုတစ်စုံတစ်ရာမရှိနိုင်ဟု မိုးလေဝသ ပညာရှင်များက ပြောသည်။

No comments:

Post a Comment