Thursday, September 3, 2015

လူ့ အခွင့်အရေးဆိုင်ရာ သတင်းတင်ပြချက်များတိုးတက်ရေး ဆွေးနွေး



The Mirror Daily's photo.

ရေး စက်တင်ဘာ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ လူ့အခွင့်အရေးဆိုင်ရာ သတင်းတင်ပြချက်များ တိုးတက်ကောင်းမွန်စေရေး မီဒီယာနှင့်အရပ်ဘက် လူမှုအဖွဲ့အစည်းများတွေ့ဆုံ ဆွေးနွေးပွဲကို Internews Human Rights Reporting မှစီစဉ်ဆောင်ရွက်မှုဖြင့် သြဂုတ်၃၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် 'မီဒီယာများ၏ လူ့အခွင့်အရေးဆိုင်ရာသတင်း ဆောင်းပါး ဖော်ပြချက်များတွင် မည်သည့် လိုအပ်ချက်များရှိနေပါသလဲ။ လူ့အခွင့် အရေးဆိုင်ရာ အချက်အလက်များကို မီဒီယာများဘက်မှသိရှိနားလည်မှုပိုမိုအားကောင်းလာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဘက်မှ မီဒီယာတို့၏ ထိတွေ့ဆက်ဆံရေးတွင် မည်သို့ သော အားနည်းချက်များရှိနေပါသလဲ။လူ့ အခွင့်အရေးဆိုင်ရာ သတင်းတင်ပြချက်များတိုးတက်ကောင်းမွန်စေရန် ရှေ့ဆက်၍ မည် သို့ဆောင်ရွက်သင့်ပါသလဲ ''ဟု တက်ရောက် လာကြသည့ှ်ု Internews Human Rights Reporting မှ တာဝန်ရှိသူများ၊ မီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်ကြပြီး အပြန်အလှန်ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကာ ရရှိလာသောဆွေးနွေးပွဲရလဒ်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွဋ်ထွဋ်(ရေး)

No comments:

Post a Comment