Thursday, September 3, 2015

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်မှတစ်ဆင့် ၀င်/ထွက် သွားလာသူများတွင် မြန်မာနိုင်ငံသားအများဆုံးဖြစ်





သတင်း-တင်မောင်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ-မောင်မွှေး

နေပြည်တော်   စက်တင်ဘာ   ၃

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ချစ်ကြည်ရေးတံတားဂိတ်ကို အပြည်ပြည်ဆိုင်ရာဝင်ပေါက်ထွက်ပေါက်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ယခုနှစ်စပိုင်းမှ သြဂုတ်လနောက်ဆုံးပတ်အထိ ပတ်စ်ပို့ဗီဇာဖြင့်  ဝင်/ထွက်သွားလာသူ စုစုပေါင်း ၂၅၉၃၇ ဦးရှိရာ အများဆုံးဝင်ထွက်သွားလာသူများသည် အနယ်နယ်အရပ်ရပ်မှ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

အဆိုပါချစ်ကြည်ရေးတံတားဂိတ်မှနေ၍ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ ပတ်စ်ပို့ဗီဇာဖြင့်ဝင်လာသူဦးရေ  စုစုပေါင်း ၁ဝ၈၆ဝ ရှိပြီး ¤င်းတို့တွင် မြန်မာနိုင်ငံသား ၄ဝ၇၄ ဦး၊ ထိုင်းနိုင်ငံသား ၃၁၄၅ ဦးနှင့် တတိယနိုင်ငံသား ၃၅၄၁ ဦးရှိကြောင်း မြဝတီချစ်ကြည်ရေးတံတားရှိ နိုင်ငံခြားသားများ မတရားဝင်ရောက်မှုတားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိတစ်ဦးဖြစ်သူ ဦးလှထွန်းအေးကပြောသည်။

ထို့အပြင် အဆိုပါတံတားဂိတ်မှ ပြည်ပသို့ထွက်ခွာသူဦးရေစုစုပေါင်းမှာ ၁၅ဝ၇၇ ဦးရှိပြီး ¤င်းတို့တွင်မြန်မာနိုင်ငံသား ၉၂၅၅ ဦး၊ ထိုင်းနိုင်ငံသား၂၅၆၂ ဦးနှင့် တတိယနိုင်ငံသား၃၂၉ဝ ရှိကြောင်း ¤င်းကဆက်လက်ပြောပြသည်။
မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ် စေရန် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(မြဝတီ-မဲဆောက်)နယ်စပ်ဝင်/ ထွက်ပေါက်မှ ဗီဇာပါရှိသည့်နိုင်ငံကူးလက်မှတ်၊ ခိုင်လုံသောခရီးသွားလက်မှတ်များပါရှိပါက မြန်မာ၊ ထိုင်းနှင့် တတိယနိုင်ငံသားများကို ဝင်ထွက်ခွင့် ပြုသည့် အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်အဖြစ် ၂၈-၈-၂ဝ၁၃ ရက်မှ စတင်၍အဆင့်တိုးမြှင့်ခဲ့ကြောင်း၊ တံတားမှ ဝင်/ထွက်သွားလာချိန်ကိုလည်း ယခင်က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထားရာမှ ယခုနှစ် ဇန်နဝါရီ ၁ ရက်ကမှစပြီး ဝင်/ထွက်ချိန်ကို နံနက် ၅ နာရီမှ ည ၈ နာရီအထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်းသိရသည်။  


မြန်မာနိုင်ငံသားများအပါအဝင် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများ နယ်စပ်ဝင်/ထွက်မှုနှင့်ပတ်သက်ပြီး ဦးလှထွန်းအေးက ''ထိုင်း-မြန်မာနယ်စပ်ထိစပ်နေသည့် နှစ်နိုင်ငံသားများအတွက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass-BP) နဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(Temporary Border Pass) တို့နဲ့ ဝင်/ထွက် ခွင့်ပြုလုပ်လျက်ရှိပါတယ်။ ရွှေ့ပြောင်းလုပ်ကိုင်သူများနဲ့ အလည်အပတ်သွားသူ မြန်မာနိုင်ငံသားများအား နယ်စပ် ဖြတ်သန်းခွင့်လက်မှတ်တန်ဖိုးငွေကျပ် ၅ဝဝ၊ တစ်ကြိမ် ဖြတ်သန်းခငွေကျပ်  ၃ဝဝ  ကောက်ခံပြီး သတ်မှတ် ချိန်အတိုင်းနေ့ချင်းပြန်   ဝင်/ထွက် ခွင့်ပြုထားပါတယ်။ထိုင်းနိုင်ငံသားများကိုတော့    နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်အနေနဲ့ ထိုင်းငွေ   ၁ဝ  ဘတ် ကောက်ခံပြီး နေ့ချင်းဝင်/ထွက်ခွင့်ပြုလျက်ရှိပါတယ်။ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ထိုင်းနိုင်ငံသားများနဲ့ တတိယနိုင်ငံသား များအား   အမေရိကန်ဒေါ်လာ   ၁ဝ  ကောက်ခံပြီး နေ့ချင်း ဝင်/ထွက်ခွင့်ပြုထားပါတယ်။  ဗီဇာနဲ့  နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား၊ ထိုင်း နိုင်ငံသားနဲ့  တတိယနိုင်ငံသားများကိုတော့  နယ်စပ် ဖြတ်သန်းခွင့် မကောက်ခံပါဘူး''ဟု ပြောသည်။

ထိုင်းနိုင်ငံသားများအနေဖြင့် TBP  နှင့်BP  ဖြင့် ဝင်/ထွက်ရာတွင် ၎င်းတို့၏TBP/BPpစာရွက်ပေါ်၌ အဝင် တံဆိပ်တုံးရိုက်နှိပ်၍  မြဝတီမြို့နယ်ရှိ သတ်မှတ်ဧရိယာ အတွင်း  နေ့ချင်းပြန်ဝင်ရောက်လည်ပတ်စေကြောင်း၊ ပြန်လည်ထွက်ခွာသည့်အခါ    ¤င်းတို့ကိုင်ဆောင်သည့် TBP/BP စာရွက်များအပေါ် ထွက်ခွာခွင့် တံဆိပ်တုံးရိုက်ပြီး ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

ဗီဇာဖြင့် ဝင်/ထွက်သွားလာမှု လုပ်ငန်းဆောင်ရွက် ပေးခြင်းနှင့်ပတ်သက်ပြီး  ''မြန်မာနိုင်ငံအတွင်းသို့  ဝင် ရောက်မည့်သူများရဲ့ပတ်စ်ပို့နဲ့ဗီဇာသက်တမ်း  ရှိ/မရှိ စစ်ဆေးရတယ်။ Arrival Card  ပုံစံရေးသွင်းပြီး ဝင်ရောက် လာသူတစ်ဦးချင်းရဲ့ကွန်ပျူတာBlack List  စာရင်းတွင် ပါ မပါ စစ်ဆေးပြီးမှတ်တမ်းတင်ခြင်း၊ ဓာတ်ပုံမှတ်တမ်းတင်ခြင်းဆောင်ရွက်ပေးရတယ်။ ကွန်ပျူတာမှတ်တမ်းရေး သွင်းပြီး ဗီဇာအမျိုးအစားအလိုက် နေထိုင်ခွင့်သက်တမ်းသတ်မှတ်ပေးရတယ်။ ဗီဇာအထွက် ဆောင်ရွက်ရာမှာ နေထိုင်ခွင့်သက်တမ်းကျော်လွန်ခြင်းရှိမရှိစစ်ဆေးတယ်။ရက်ကျော်လွန်ရင် တစ်ရက်ကိုသုံးဒေါ်လာနှုန်းနဲ့ Over
Stay Fee  ကောက်ခံတယ်။

ပြီးတော့မှတ်ပုံတင်စာအုပ်မှာရေးသွင်းပြီး မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းနိုင် အောင် ဆောင်ရွက်ပေးရတယ်''ဟု ဦးလှထွန်းအေးက ပြောသည်။
မြဝတီနယ်စပ်ဂိတ်မှ ပတ်စ်ပို့ဗီဇာဖြင့် သွားလာမှုတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို ကယ်ရီများ က အလည်အပတ်ဗီဇာဖြင့်   ပို့ဆောင်နေခြင်းကြောင့် ထိုသို့မြန်မာနိုင်ငံသားများ အများဆုံးဖြစ်လာရခြင်းဖြစ် ကြောင်း မြဝတီနယ်စပ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

''အလည်အပတ်ပို့ဗီဇာနဲ့ ပို့ဆောင်တဲ့အေးဂျင့်တွေ ကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သွားလုပ်သူတွေ ဖမ်း ဆီးခံနေရတဲ့အဖြစ်တွေလည်းရှိတယ်။ ပြန်ပို့တာလည်း ရှိပါတယ်။ ကျေးလက်ဒေသက နားမလည်တဲ့သူတွေကို အေးဂျင့်တွေကလှည့်စားပြီး အမြတ်ထုတ်နေတာပါ''ဟု မြဝတီချစ်ကြည်ရေးတံတား၌ အဆိုပါတံတားမှ တာဝန် ရှိသူတစ်ဦးဖြစ်သည့် ဦးကျော်ဝင်းထွဋ်က ပြောပြသည်။
မြဝတီနယ်စပ်ဂိတ်တွင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိနေ့ချင်းပြန်လက်မှတ်ဖြင့် ဝင်/ထွက် မှုမှာ မြန်မာနိုင်ငံသားTBP  ဖြင့် ၅၂၅၆ဝ၇ ဦးBP  ဖြင့် ၄၅၃၄၃ ဦး၊ ထိုင်းနိုင်ငံသား ၂၈၉၈၆ ဦး၊ တတိယနိုင်ငံသား ၆၄၅ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မြဝတီနယ်စပ်မှ   ယခုနှစ်    သြဂုတ်လအတွင်း မြန်မာနိုင်ငံသားဝင်ထွက်မှုမှာ ပတ်စ်ပို့ဗီဇာဖြင့် စုစုပေါင်း ၁၉ဝ၁ ဦးရှိပြီးTBP/BP  ဖြင့် ၁၁၂၂၉ ဦးရှိကြောင်း သိရပြီး ယင်းလူဦးရေမှာပြီးခဲ့သော ဇူလိုင်လထက် အနည်း ငယ်မြင့်တက်လာကြောင်း သိရသည်။

အဆိုပါ  ချစ်ကြည်ရေးဂိတ်မှ  တချို့  ကိုယ်ပိုင် မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များဖြင့် ဝင်ရောက် သောခရီးစဉ်များအပါအဝင် တရားဝင်ခရီးသွားလာမှု အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်  ဝင်ရောက်လာသည့်  ခရီးစဉ်များတွင် နိုင်ငံခြားခရီးသည်စုစုပေါင်း ဝင်ရောက်မှုမှာ ယခုနှစ် သြဂုတ် ၂၈ ရက်အထိ ၅၇၇ ဦးရှိကြောင်း သိရသည်။

No comments:

Post a Comment