Wednesday, September 2, 2015

စာရွက်စာတမ်းကိစ္စအပြီးမသတ်နိုင်ခြင်းကြောင့် ပျက်ပြယ်ခဲ့ရတဲ့ ဒီဂီယာရဲ့အပြောင်းအရွှေ့




မန်ယူဂိုးသမား ဒီဂီယာ၏ မန်ယူမှ ရီးယဲလ်သို့ ပေါင် ၂၉သန်းဖြင့်ပြောင်းရွှေ့မည့်ကိစ္စရပ်မှာ စာရွက်စာတမ်း အချိန်မီအပြီးမ
သတ်နိုင်ခြင်းကြောင့် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့ကာလရောက်မှသာ ရွှေ့ပြောင်းရတော့ မည်ဖြစ်သည်။ မန်ယူအသင်း အပြောင်းအရွှေ့ဒါရိုက်တာ တင်မ်ဝုဒ်ဝေါ့ဒ်က ဒီဂီယာရီးယဲလ်သို့ ပြောင်းရွှေ့မည့် ကိစ္စရပ်အား မလိုလားသဖြင့် စာချုပ်စာတမ်းအပြီးသတ်နိုင်ရေးကို ကြန့်ကြာအောင်လုပ်ဆောင်ခဲ့ခြင်းကြောင့် ရီးယဲလ်ဘက်မှ အချိန်မရှိဟု အကြောင်းပြန်ခဲ့ရာ ဒီဂီယာ၏ အပြောင်းအရွှေ့မှာ အပြီးမသတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အင်္ဂလန်မီဒီယာများကဖော်ပြသည်။
မန်ယူနှင့်နီးစပ်သော အသိုင်းအဝိုင်းကမူ ဒီဂီယာ၏ အပြောင်းအရွှေ့ကိစ္စရပ်ပျက်ပြယ်ခဲ့ခြင်းကြောင့် ဗန်ဟားလ် အနေဖြင့် ပျော်ရွှင်နေပြီး ရီးယဲလ်ဘက်သို့ ဒီဂီယာအား ခေါ်ယူချင်လျှင် ၎င်းတို့၏ကော်စတာရီကာ ဂိုးသမား နာဗက်စ်အား ပေါင် ၁၁ သန်းဖြင့် ပြန်လည်ရောင်းချပေး ရမည်ဟု ကမ်းလှမ်းခဲ့ရာ အပြောင်းအရွှေ့မှာ ကြန့်ကြာခဲ့ ခြင်းဖြစ်သည်။ သို့သော် ရီးယဲလ်ဘက်မှဒီဂီယာအတွက် တရားဝင်ကမ်းလှမ်းချက်ကို သြဂုတ် ၃၁ နေ့လယ်ပိုင်း လောက်မှသာ မန်ယူဘက်သို့ ပေးပို့ခဲ့ခြင်းကြောင့် အချိန်မီ မဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း မန်ယူဘက်မှ ထုတ်ပြန်ခဲ့သည်။
ရီးယဲလ်သည် ယင်းအပြောင်းအရွှေ့အား အပြောင်း အရွှေ့ကာလပိတ်သိမ်းပြီးနောက် ဖီဖာဘက်မှြ>ွခင်းချက် အနေနဲ့ ခွင့်ပြုပေးနိုင်ရန်မျှော်လင့်နေသည်။ မန်ယူတွင် ပထမဂိုးသမားအဖြစ် အာဂျင်တီးနားဂိုးသမားရိုမီယိုအား ပုံမှန်ပွဲထွက်ကစားခွင့်ပေးထားပြီး စပိန်ဂိုးသမားနှစ်ဦးဖြစ်သော ဒီဂီယာ၊ ဗဲဒက်စ်တို့မှာ အသင်း၏အရန်ခုံတွင်သာ အချိန်ကုန်နေရခြင်းကြောင့် အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းနေသော်လည်း ယခုနှစ်နွေဈေးကွက်၌ မည်သည့် အပြောင်းအရွှေ့မျှ ဖြစ်မြောက်ခဲ့ခြင်းမရှိပေ။ သို့သော် ဒီဂီယာအနေဖြင့် လာမည့်ဆောင်းရာသီဈေးကွက်ပြန်လည် ဖွင့်လှစ်ချိန်တွင် ရီးယဲလ်သို့သေချာပေါက် ပြောင်းရွှေ့ တော့မည်ဖြစ်သည်။
ရွိုင်ယန်ဟေဒင်-စုစည်းသည်

No comments:

Post a Comment