Wednesday, September 2, 2015

လာရာလမ်းသို့ ပြန်ခဲ့သည် သားငယ်ကျန်ခဲ့ပြီ


ယမန်နေ့မှအဆက်
လွင်ပြင်ကုန်းအနောက်ဘက်လျှိုအတွင်း ဆင်များရှိနေသည်ဆိုသည်မှာ သေချာသွားလေပြီ။
ကိုက် ၂ဝဝ ဝန်းကျင်သို့  ကပ်မိသွားသောအချိန်တွင် တောတိုးသံ၊ နားရွက်ခတ်သံ သဲ့သဲ့ကိုကြားရလေသည်။ကျွန်တော်တို့အဖွဲ့သည် ဆင်များရှိရာသို့  ချဉ်းကပ်ရာတွင် အတတ်နိုင်ဆုံး လျှိုအထက်မှ ချဉ်းကပ်ရသည်။လျှိုသည် မိုးရေကျချိန်တွင် သဲချောင်းအဖြစ်သာ စီးဆင်းမှုကြောင့် အတွင်းတွင် ချုံနွယ်များမှာ အပြင်မှမြင်လို့မရအောင်ပင် ပိတ်နေပြီး အတွင်းတွင်ကျယ်ပြန့်နေလေသည်။ ''ဆင်တွေ က အကောင်ကြီးသလို သူတို့ခန္ဓာကိုယ်ကိုမမြင်အောင် ဖုန်းကွယ်တတ်တယ်။တစ်ခါတစ်ရံ အပေါ်ကနေမမြင်ရရင် မြေပြင်ကဝပ်ကြည့်ရတယ်။ဒီကောင်တွေက ဘယ်လောက်ထိ ပါးနပ်လည်းဆို ရွှံ့မှာလူးပြီး ကျောက်တုံးပုံစံမျိုး နေနိုင်တယ် '' ဟု ဆင်အုပ်တစ်ယောက်က အတွေ့အကြုံပြောပြ မှုကို သတိရမိပြန်သည်။
တောဆင်ရိုင်းများသေချာပေါက်ရှိနေသည်ဟု သတင်းအတည်ပြုနိုင်ခဲ့သဖြင့် ဆင်းဖမ်းဆီးရေးအဖွဲ့ထံ အကြောင်းကြားရတော့သည်။
သေချာပြီဆို လာခဲ့ပါမယ်။ ''ကျွန်တော်တို့ အဖွဲ့တွေက ခြေရာခံပြီးတောထဲမှာ လိုက်ရှာနေတာ။ မနေ့ကလိုပဲ ရွာကလူတွေကို ထိန်းပေးထားပါ။သွားမကြည့်ပါနဲ့။ မခြောက်လှန့်ပါနဲ့။ အခု ကျွန်တော်တို့ လေ့လာရသလောက် အရမ်းရိုင်းတဲ့ဆင်တွေ မဟုတ်ဘူး။ ဒီဆင်အုပ်စု လူတွေနဲ့ တစ်ခါမှမတွေ့ဖူးသေးဘူး။ ဒီကောင်တွေက လူတွေကိုပြန် လေ့လာနေတာ။ သူတို့ လူတွေနားကပ်ကြည့်တယ်။ လူတွေ က ခြောက်လှန့်လွှတ်တယ်။ ဒီလောက်ပဲ သူတို့ နားလည် ထားသေးတယ်။ အလွယ်ပြောရရင် သူတို့ လူတွေကို ကြောက်နေတယ်။ လူတွေက ဆင်တွေကို သွားမသင်ပေးမိ စေနဲ့ဗျာ'' ဟု ဆင်ဆရာဝန်နှင့်မေ့ဆေးအဖွဲ့မှ တာဝန် ရှိသူထံ ဆက်သွယ်အကြောင်းကြားစဉ် စိုးရိမ်မှုဖြင့် သတိပေးနေလေသည်။
လူတွေက ဆင်တွေကိုသွားမသင်ပေးမိစေနဲ့ ဆိုသည်မှာ တောဆင်ရိုင်းများသည် လူတွေကိုမမြင်ဖူးကြ ပါ။ လူနဲ့ဆင် ထိပ်တိုက်တိုးသောအခါ လူများက မိမိပါလာသော လက်နက်များဖြင့် ခြောက်လှန့်တတ်ကြသည်။သို့သော် ထိုလက်နက်ပစ္စည်းများသည် ဆင်များအတွက် ဘာမှအရာရောက်အောင် မထိခိုက်နိုင်ချိန်တွင် ဆင်များက လူနောက်သို့လိုက်လေသည်။ လူထွက်ပြေးရသောအခါမှာ သူတို့စိတ်တွင် အသိတရားတစ်ခုစွဲသွားပြီး လူတွေဟာ ငါတို့ကိုကြောက်တယ်။ အဲတော့ လူတွေအပေါ် အနိုင်ကျင့်လို့ရပြီဟု မှတ်ယူတတ်ကြသည်ဟု ဆင်အုပ်တစ်ဦးက ဆင်သဘောသဘာဝကို ရှင်းပြဖူးသည်။
ခင်ဗျားတို့ ကြားဖူးမှာပါ။ ဆင်တွေပြောင်းခင်းထဲဝင် သောင်းကျန်းတာတို့။ ရွာနဲ့မလှမ်းမကမ်းက ဘုန်းကြီး ကျောင်းတွေ၊ အိမ်တွေထဲ ဝင်ရောက်မွှေနှောက် အစာဝင်စား တာတို့ ၊ အဲဒါ လူတွေကြောင့် ဆင်တွေကဖြစ်ရတာလေ။ နောက် စကားပုံတစ်ခုရှိသေးတယ်လေ။ ဆင်ကျီစားရာ ဆိတ်မခံသာဆိုတာ၊ တကယ်တော့ ဆင်တွေက လူနဲ့ တိုးတဲ့အခါ သူတို့ကို အန္တရာယ်မပြုအောင် နှာမောင်းလေးနဲ့ ဖယ်ရှားတာပါ။ ဒါကို လူက အားချင်းမမျှတော့ လွင့်ထွက် သွားတာတို့၊ သေကျေပျက်စီးတာတို့ ဖြစ်ရပြန်တယ်။ တကယ်တော့ဆင်တွေတိုက်ပြီဆိုရင် သောင်းကျန်းပြီဆိုရင်၊ ဒီထက်ဆယ်ဆမကဆိုးတယ်''ဟု တိုက်ကြီးနယ်ဘက်မှ အတွေ့အကြုံတစ်ခုအား ဆင်အုပ်တစ်ယောက်ပြောပြလေသည်။ ဒုတိယနေ့အဖြစ် တောဆင်ရိုင်းများ ခြောက်လှန့်ရန်အတွက် ဆင်ဆရာဝန် များ၊ မေ့ဆေးအဖွဲ့၊ ကျွမ်းကျင်ဆင်အုပ်ဆင်ဦးစီးများ၊ ကွန်ဂျီဆင်ဟုခေါ်သော အိမ်ဆင်များအား စောင့်ဆိုင်းနေရပြန်သည်။ ''တောဆင်တွေကို နေရာပြောင်း၊မပြောင်း ကြည့်ထားပေးပါဦး။ ကွန်ဂျီဆင်တွေက ဂွေးချိုဘက် ရောက်နေလို့ ကွန်ဂျီဆင်တွေကို ပြန်ခေါ်နေတယ်။ ကွန်ဂျီဆင်မပါရင် တောဆင်ရိုင်းကို ဝင်မောင်းဖို့မလွယ်ဘူး။ ညနေပိုင်းလောက်တော့ အကုန်ရောက်မှာပါ'' ဟု ဆင်ဖမ်း အဖွဲ့ထံမှ အဆက်အသွယ်ရခဲ့သည်။
ကျွန်တော်နှင့်အတူ တောဆင်ရိုင်းများထံရောက်ရှိနေသော သစ်တောအရာရှိများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဲအရာရှိများလည်း ဆင်ဖမ်းအဖွဲ့မရောက်သေးသဖြင့် နေ့လယ်စာအဖြစ် ပုပ္ပားတောင်ချစ်သူများအဖွဲ့၏ အစီ အစဉ်ဖြင့် နီးစပ်ရာရွာတွင် သွားရောက်စားခဲ့ရသည်။တောဆင်ရိုင်းများအတွက်ကိုမူ စိတ်ချရသော ရွာခံများ အားရွေးချယ်၍ ကင်းအဖြစ်ထားရှိခဲ့ပြီး မခြောက်လှန့်ရန် နှင့် ချုံတိုးမှုအခြေအနေအား နားစွင့်ရန် အစောင့်ထားခဲ့ရ ပြန်သည်။ အချိန်သည်ကား ညနေ ၃ နာရီ။ ကျွန်တော်သည် ဒေသခံတစ်ဦး၏ အကူအညီဖြင့် တောဆင်ရိုင်းများရှိရာ လွင်ပြင်ကုန်းအနောက်ဘက်တောရှိ လျှိုရှိရာသို့ပြန် လာစဉ် လျှို၏အနီးဝန်းကျင်(တောဆင်များ ပုန်းလျှိုနေ ရာဖြင့် ကိုက် ၃ဝဝ အကွာအဝေး) သို့ ရောက်ရှိစဉ် လယ် ကွင်းအနောက်မှလျှိုကိုဖြတ်ကျော်၍ အရှေ့ဘက် ဆင်ဖမ်း အဖွဲ့များရှိရာသို့ ဖြတ်သန်းရန် ပြင်ဆင်ချိန်တွင် ကျီး ကျီး ဝူး ကျီး ကျီး ဝူး ဟု ကျယ်လောင်သော ငယ်သံ တစ်ခုအား ကြားလိုက်ရသောအခါ ကျွန်တော်၏ အသိစိတ်မှနောက်ကျ သောခြေထောက် သစ္စာဖောက်ဟု မှတ်ယူကာ ဖနောင့်နှင့် တင်ပါးတစ်သားတည်း ကပ်၍ပြေး လေရလေသည်။ ''မင်းမှတ်ထား ဆင်တွေငယ်သံပါအောင် အော်ရင်သူတို့ စိတ်ဆိုးသံပဲ။ အသံရဲ့ အကျယ်လောင်ဆုံးကြားတဲ့ အရပ် က သူတို့ ခေါင်းလှည့်ထားရာအရပ်။ ဆင်ဆိုတဲ့ အမျိုးက ခေါင်းတည်ရာကို ပြေးလေ့ရှိတယ်။ လူနဲ့ကိုက် ၅ဝဝ ဝေးတောင်ပြေးမလွတ်ဘူးမောင်။ နီးစပ်ရာ အပင်မြင့်မြင့် မာမာပေါ်သာ ပြေးတက်ပေတော့'' ဟု မှာထားသော ဆင်အုပ်တစ်ယောက် စကားအရ ပြေးရလေတော့သည်။ ဦးဇင်းရှိလား '' ဦးဇင်းရှိလား'' ၊ ကိုသက်ရှိလား ''ကိုသက် ရှိလား''၊ ကိုမျိုးရှိလား ''ကိုမျိုး ရှိလား '' ဟု အိုင်ကွန်စက်ဖြင့် လှမ်းခေါ်ရလေသည်။ မီးစက်ကြီးပါ၊ မီးစက်ကြီးပါ။ ဆင်အော်သံကြားလို့ သစ်ပင်ပေါ်ပြေးတက်နေလိုက် ရတယ်။ အခြေအနေ ဘာထူးပါလဲ။ လျှိုအနောက်ဘက်မှာ ရှိတယ်။ ''ရထား ရထား'' ဆင်တွေကို သွားကြည့်တာ ရွာခံတချို့က လှမ်းခြောက်တယ်လို့ သိရတယ်။ ဒါကြောင့် ဒေါသထွက်ပြီး နှာမှုတ် တယ်တဲ့'' အနောက်ဘက်ကနေ အရှေ့ဘက် ကူးလို့ရမလား။ ဆင်ဖမ်းအဖွဲ့တွေ လာပေါင်း ပြီလား''ရထား ရထား'' ဆင်တွေလှုပ်ရှားမှု မရှိတော့ဘူး။
(ဆက်လက်ဖော်ပြပါမည်။)ပြည့်စုံအောင်

No comments:

Post a Comment