Tuesday, September 29, 2015

သူ၏ပုံတူဘာဘီရုပ်ကို ဇန်ဒယာထုတ်ဖော်ပြသ



The Mirror Daily's photo.


ဟောလိဝုဒ်၏ ကြယ်ပွင့်တစ်ဦးဖြစ် သူ ဇန်ဒယာသည် သူ၏ပုံစံအတိုင်း ဖန်တီးပြုလုပ်ထားသည့် ဘာဘီရုပ် လေးကို ပြီးခဲ့သည့် စနေနေ့က ပထမ ဆုံးအကြိမ်အဖြစ် သူ၏အင်စတာဂရမ် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့ သည်။
အဆိုပါ ဘာဘီရုပ်လေးသည် ဇန်ဒယာ၂ဝ၁၅ခုနှစ် အကယ်ဒမီပေးပွဲ သို့ တက်ရောက်လာခဲ့သည့် ပုံစံ အတိုင်း တုပဖန်တီးထားခြင်းဖြစ်သည်။

ဇန်ဒယာက ''ကျွန်မငယ်ငယ်တုန်း က ကိုယ်နဲ့တူတဲ့ ဘာဘီရုပ်လေးကို ရှာမတွေ့ခဲ့ဘူးလေ။ ခုတော့ အချိန် တွေ ပြောင်းသွားတာနဲ့အမျှ အရာရာ ကလည်း ပြောင်းလဲခဲ့ပါပြီ။ ဒီဖန်တီးမှု အတွက် ဘာဘီဒေါ့ကွန်းကိုကျေးဇူးတင်ပါတယ်။ ဘာဘီလေးတွေထဲက တစ်ဦးဖြစ်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိတယ်။ ဘာဘီ ဒေါ့ကွန်းနဲ့ ရှေ့ဆက်လက်တွဲလုပ် ကိုင် သွားရမယ့် အလုပ်တွေကို မစောင့် ဆိုင်းနိုင်တော့ဘူး။ ဘာဘီရုပ်လေး တစ်ရုပ်အဖြစ် အနုပညာလုပ်ငန်း တွေကို လုပ်ဆောင်ချင်လှပါပြီ''ဟု လည်း သူ၏ လူမှုကွန်ရက်မီဒီယာ ပေါ်တွင် ရေးသားဖော်ပြထားခဲ့သည်။
အေးပြည့်စုစည်းသည်

No comments:

Post a Comment