Tuesday, September 29, 2015

၂ဝ၁၆ ခုနှစ်တွင် တာဝါတိုင်အားလုံးကို 3G အဆင့် တိုးမြှင့်မည် ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံးဖုန်းသုံးစွဲသူ ရာခိုင်နှုန်း ၉ဝ မျှော်မှန်း



The Mirror Daily's photo.


ရန်ကုန် စက်တင်ဘာ ၂၈

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာ MPT ဖုန်းသုံးစွဲ နေကြသော အများပြည်သူများ အဆင်ပြေစေရေးအတွက် ၂ဝ၁၆ ခုနှစ်တွင် တာဝါတိုင်များအားလုံးကို ၃ွ အဆင့်ဖြစ်စေရန် ဆောင်ရွက် နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။

ထို့အတွက်ကြောင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ လက်ရှိရှိနေသည့် တာဝါတိုင် ၂၆ဝဝ အပါအဝင် ဂျပန်နိုင်ငံ KDDI SUMITOMO နှင့် ပူးပေါင်းကာ ယခုနှစ်ကုန်တွင် တာဝါတိုင် ပေါင်း ၅ဝဝဝ ဖြစ်စေရန် ဆောင်ရွက်မည်ရှိပြီး တာဝါတိုင်များ ဆောင်ရွက်ပြီးစီးလျှင် ကျေးလက်၊ မြို့ပြမကျန် GSM နှင့် CDMA ဖုန်းလိုင်းများအား လွှမ်းခြုံနိုင်မည်ဖြစ် ကာဖုန်းသုံးစွဲကြသူများမှ အရည် အသွေးပြည့်မီစွာ သုံးစွဲနိုင်ကြမည်ဖြစ် သည်။

လက်ရှိအနေအထားအရ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တည်ဆောက်ထားသော တာဝါတိုင် စုစုပေါင်း ၂၆ဝဝ နီးပါးရှိပြီး တာဝါတိုင်များ ထပ်မံတိုးချဲ့ တည်ဆောက်ရန် ဆောင်ရွက်လျက် ရှိကာ တစ်ပြိုင်တည်းတွင် စက်များ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ် သောကြောင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကွန်ရက်မှာ ကျေးလက် ဒေသများထိ လွှမ်းခြုံလာတော့မည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ နည်းပညာပိုင်းဆိုင်ရာအရ ဂျပန်နိုင်ငံ KDDI SUMITOMOနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ တပ်ဆင်ပြီး သားဖြစ်သော GSM PTSD အား အဆင့်မြှင့်တင်ခြင်းနှင့် လိုင်းတိုးချဲ့ ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တစ်ပြိုင်တည်းတွင် တာဝါတိုင်အသစ် များတည်ဆောက်ပြီး လိုင်း network များ ကျယ်ပြန့်စေရန်အတွက် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ WCDMA နှင့် GSM ဆင်းကတ် သုံးစွဲသူပြည်သူများ အရည်အသွေး ကောင်းမွန်စွာ ဖုန်းလိုင်းချိတ်ဆက်ပြောဆိုသုံးစွဲနိုင်ကြစေရန် ဂျပန်နိုင်ငံ KDDI SUMITOMO နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိ အနေအထား မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ဂျပန်နိုင်ငံ KDDI SUMITOMO နှင့် ပူးပေါင်း၍ WCDMA ရောင်းချသည်။ ဆင်းကတ်အရေအတွက်မှာ ၁ဝ ဒသမ ၇ သန်းရှိသည်။ GSM ရောင်းချပြီး ဆင်းကတ်အရေအတွက်မှာ ၅ဝ၂၅ ကတ်ရှိသည်။

ဂျပန်နိုင်ငံ KDDI SUMITOMO နှင့် ပူးပေါင်း မဆောင်ရွက်မီက WCDMA ရောင်းချသည်။ ဆင်းကတ်အရေအတွက် မှာ ၁ ဒသမ ၇ သန်းရှိသည်။ GSM ရောင်းချပြီး ဆင်းကတ်အရေအတွက်မှာ ၄ ဒသမ ၅ သန်းရှိခဲ့သည့်အတွက် စုစုပေါင်း ဆင်းကတ် အရေအတွက် ၁၆ ဒသမ ၉ သန်း ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ KDDI SUMITOMO 
နှင့် ပူးပေါင်းမဆောင်ရွက်မီက CDMA ၄၅ဝ နှင့် CDMA ၈ဝဝ ဆင်းကတ် အမျိုးအစားများကို စုစုပေါင်း ဆင်းကတ်အရေအတွက် ၉ သိန်း ၈ သောင်းနီးပါး ရောင်းချခဲ့ သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လက်အောက်၌ ပူးပေါင်းဆောင်ရွက် နေသည့် MEC ရောင်းချပြီးဆင်းကတ် အရေအတွက်မှာ သုံးသန်းနီးပါးရှိနေ သဖြင့် MPT ၏ ဖုန်းကတ်များ စုစုပေါင်းရောင်းချသည်။ ဆင်းကတ် အရေအတွက်အားလုံးမှာ လက်ရှိ ၂၁ သန်းနီးပါးရှိကြောင်း သိရသည်။

WCDMA ဆင်းကတ်များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ 3G စနစ်ဖြင့် လက်ရှိရောင်းချပေးနေ ကြောင်းသိရပြီး ဆွေသဟာအစီ အစဉ်အား တစ်ပါတည်းထည့်သွင်း ပေးထားကြောင်း၊ ယနေ့အချိန်ထိ တပ်ဆင်ပြီး ကြိုးဖုန်းအရေအတွက်မှာ လည်း ၅ သိန်း ၁ သောင်း ၃ ထောင် နီးပါးရှိကြောင်း၊ တယ်လီဖုန်း သိပ်သည်းဆအား မြန်မာနိုင်ငံရှိ လူဦးရေနှင့် တွက်ချက်မည်ဆိုလျှင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တယ်လီဖုန်းသုံးစွဲသူ ၄၂ ရာခိုင်နှုန်း ရှိကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ကွန်ရက်ဖြန့်ကြက်ထားမှု လွှမ်းခြုံမှုအတွက် ယခုနှစ် ဘတ်ဂျက်အကုန် မျှော်မှန်း ထားချက်အရ မြန်မာတစ်နိုင်ငံလုံး ပထဝီဝင်အနေအထား လွှမ်းခြုံမှု အတွက် ၇၅ ရာခိုင်နှုန်းနှင့် လူဦး ရေလွှမ်းခြုံမှုကို ၉ဝ ရာခိုင်နှုန်းရရှိ စေရန် မျှော်မှန်းထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
စိုးဝင်း (MLA)

No comments:

Post a Comment