Monday, September 28, 2015

ရူဘီကမ္ဘာ့ဖလားကို အားပေးခဲ့ကြတဲ့ မင်းသားဟယ်ရီနှင့် ကိတ်မစ်ဒယ်လ်တန်




ဝေလပြည်နယ်၏ မင်သားဟယ်ရီနှင့် ဇနီးဖြစ်သူကိတ်မစ်ဒယ်လ်တန်တို့ နှစ်ဦးသည် ပြီးခဲ့သည့်စနေနေ့က လန်ဒန်မြို့တွင် ကျင်းပခဲ့သော ရူဘီကမ္ဘာ့ဖလားပွဲစဉ်များအနက်တစ်ခုဖြစ်သည့် အင်္ဂလန်အသင်းနှင့် ဝေလအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သောပွဲစဉ်ကို သွားရောက်အားပေးခဲ့ကြသည်။
အဆိုပါပွဲစဉ်သို့ မင်းသားဟယ်ရီတို့ ဇနီးမောင်နှံနှင့်အတူ မင်းသား ဟယ်ရီ၏ညီဖြစ်သူ မင်းသားဝီလီယမ်လည်း လိုက်ပါကြည့်ရှုအားပေးခဲ့သည်။
ယင်းသို့ အင်္ဂလန်အသင်းနှင့် ဝေလအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ကိတ်မစ်ဒယ်လ်တန်နှင့် မင်းသားဝီလီယမ်တို့နှစ်ဦးက မျိုးချစ်စိတ်ကိုပြသ သည့်အနေဖြင့် မိမိတို့ပြည်နယ်ကိုယ်စားပြုအသင်းဖြစ်သည့် ဝေးလ်စ်အသင်း ဘက်မှ အားပေးခဲ့ကြပြီး မင်းသားဟယ်ရီကမူ အင်္ဂလန်အသင်းကိုသာ အားပေးခဲ့သည်။
သို့သော် ပွဲစဉ်နှောင်းပိုင်တွင်မူ မင်းသားနှစ်ပါးမှာ မိမိတို့အားပေးသည့် အသင်းဘက်မှ အကြိတ်အနယ် ဆက်လက်အားပေးခဲ့သော်လည်း ကိတ်မစ် ဒယ်လ်တန်ကမူ မည်သည့်အသင်းကိုမျှစိတ်ဝင်စားခြင်းမရှိတော့ဘဲ ရင်သွေး လေးများဖြစ်ကြသည့် မင်းသားငယ်လေးဂျော့ဂ်ျနှင့် မင်းသမီးလေး ကာလိုတီ တို့၏ ဝေယျာဝစ္စများနှင့် ခေတ္တကင်းလွတ်ခွင့်ရသည့်အချိန်တွင် အေးအေး ဆေးဆေးသာ အနားယူနေခဲ့သည်။
အေးပြည့်

No comments:

Post a Comment