Monday, September 28, 2015

နယ်လှည့်ဖျော်ဖြေပွဲမှာ စတီဗင်တိုင်လာနဲ့အတူ တွဲဖက်ဖျော်ဖြေခဲ့တဲ့ တေလာဆွစ်





အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွစ်သည် သူ၏တေးအယ်လ် ဘမ် ''၁၉၈၉''၏ နယ်လှည့်ဖျော်ဖြေ ရေးပွဲများအနက် သောကြာနေ့ ညပိုင်းက နက်ရှ်ဗေးလီမြို့ ဂေးလော့ဒ် ဖျော်ဖြေရေးစင်တာတွင် ပြုလုပ်ခဲ့ သောပွဲ၌ အသက်(၆၇)နှစ်အရွယ် ရော့ခ်ကန်ရိုး အဆိုတော်ကြီး စတီဗင် တိုင်လာနှင့်အတူ တွဲဖက်ဖျော်ဖြေခဲ့ သည်။
သောကြာနေ့က ပြုလုပ်ခဲ့သော အဆိုပါ ဖျော်ဖြေရေးပွဲစဉ်သည် တေလာ၏ နယ်လှည့်ဖျော်ဖြေရေး ပွဲစဉ်များအနက် ရော့ခ်ကန်ရိုး တေးဂီတများ လွှမ်းမိုးခဲ့သည့် ထူးခြား သော ညတစ်ည ဖြစ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုတစ်ဝန်းရှိ ရော့ခ်ကန်ရိုး ပရိသတ်များ လာရောက်အားပေးခဲ့ကြ သည်။
ယင်းဖျော်ဖြေပွဲတွင် တေလာဆွစ် သည် စတီဗင်တိုင်လာ၏တေးဂီတ အဖွဲ့ ''Aerosmith့''၏ ၁၉၉၈ခုနှစ် ခန့်က ရေပန်းစားခဲ့သောသီချင်း I Don't Want to Miss a Thing 'ကို တိုင်လာနှင့်အတူ တွဲဖက်ဖျော်ဖြေခဲ့သည်။ ယင်းသီချင်းသည် ''Armageddon '' ရုပ်ရှင်၏ ဇာတ်ဝင်တေးလည်း ဖြစ်သည်။
တေလာဆွစ်က သူဖျော်ဖြေခဲ့သော သီချင်း'' I Don't Want to Miss a Thingါ''သည် သူနှစ်သက်သော သီချင်းတစ်ပုဒ်ဖြစ်ကြောင်း ဖွင့်ဟခဲ့ ပြီး တေလာသည် ၂ဝ၁၂ ခုနှစ်က သူ၏ တွစ်တာစာမျက်နှာပေါ်တွင် ''Aerosmith့  ရဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်တဲ့ I Don't Want to Miss a Thing ဟာ ကျွန်မရဲ့ ဦးနှောက်ထဲမှာ စွဲနေခဲ့တဲ့သီချင်း တစ်ပုဒ်ဖြစ်ပြီး ကျွန်မအတွက် စိတ်ကူး ယဉ်စရာ အကောင်းဆုံးသီချင်း တစ်ပုဒ်ဖြစ်တယ်ဆိုတာ လူတွေသိကြရင် ကျွန်မကို သူတို့ အခုထက်ပိုပြီး နားလည်လာနိုင်မှာပါ'' ဟုလည်း ရေးသားဖော်ပြခဲ့သည်။
အဆိုပါညတွင် တေလာဆွစ်သည် ကန်းထရီးအဆိုတော် အယ်လစ်စန် ကရာ အက်စ်နှင့်တွဲဖက်၍ '' When You Say Nothing At All ''တေး သီချင်း ကိုလည်းကောင်း၊ ကယ်လ်စီး ဘော်လာရီနီနှင့် အတူတွဲကာ ' love Me Like You Mean It ''ကိုလည်း ကောင်း သီဆိုဖျော်ဖြေခဲ့သည်။
အေးပြည့်

No comments:

Post a Comment