Monday, September 28, 2015

ကင်းထောက်လူငယ်များ စုပေါင်းလုပ်အားပေး




ရမည်းသင်း စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် စံပြသိမ်ကုန်းကျေးရွာ မဟာသိမ်တော်ဘုရားပတ်ဝန်းကျင်နှင့် ဇေယျမင်္ဂလာကန္နားကျောင်းဝင်းအတွင်းရှိ ကွင်းပြင်၌ စံပြသိမ်ကုန်းကျေးရွာ အမှတ်(၃)အခြေခံအထက်တန်းကျောင်းမှ ကင်းထောက်လူငယ်များက စက်တင်ဘာ ၂၅ ရက်က စုပေါင်းသန့်ရှင်းရေး လုပ်အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကန္နားကျောင်းဝင်းကွင်းပြင်၌ (၁၂)ကြိမ်မြောက် ရွာလုံးကျွတ်သံဃာ တော် အပါး ၄၇ဝ ဆွမ်းသပိတ်၊ စာရေးတံလောင်းလှူပွဲကို စက်တင်ဘာ ၂၈ ရက် မှစ၍ ကျင်းပမည်ဖြစ်သဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးကြွယ်နှင့် ဆရာ ဆရာမများခေါင်းဆောင်သော ကင်းထောက်အဖွဲ့ဝင် ကျောင်းသား ကျောင်းသူ ၅ဝ က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တင်ဦး(ရမည်းသင်း)

No comments:

Post a Comment