Tuesday, September 29, 2015

ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား ကွင်းဆင်းကြည့်ရှု


The Mirror Daily's photo.

ကလေးဝ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် မထုကြီး ကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှု ကြောင့် နေအိမ်များပြောင်းရွှေ့နေမှု အခြေအနေကို စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အဖွဲ့သည် စက်တင်ဘာ ၂၇ ရက်က သွားရောက်၍ ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းနဖူးရှိ အိမ်ပေါင်းကိုးလုံး ပြောင်းရွှေ့ခဲ့ရပြီး ကျန် ၄၂ လုံးမှာ ဆက်လက်နေထိုင်နိုင်ရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေကာ တာရိုက်ပေးမည်ဖြစ်သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် မထုကြီးကျေးရွာရှိ ပြည်သူများနှင့်တွေ့ဆုံကာ ထောက်ပံ့ ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သီဟ(iprd)

No comments:

Post a Comment