Saturday, August 1, 2015

ခရီးသွားပြည်သူများအား ကောလင်းဘူတာမှ ကန့်ဘလူ ဘူတာသို့ RTC ယာဉ်များဖြင့် ပြေးဆွဲပေးလျက်ရှိ



The Mirror Daily's photo.

ကောလင်း ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၆ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနစ်မြုပ်ပြီး ရေတိုက်စားမှုကြောင့် ကောလင်း-ကန့်ဘလူလမ်းပိုင်း ကန်ကြီးနှင့် ဇော်ချောင်းကြား သံတံတားရေတိုက်စားပျက်စီးသွားသဖြင့် ကောလင်း-ကန့်ဘလူလမ်းပိုင်း ရထားများမပြေးဆွဲနိုင်ခြင်းကြောင့် ဒေသအသီးသီးမှ ခရီးသွားပြည်သူများအား ဇူလိုင် ၂၉ ရက်မှစ၍ ကောလင်း-မြစ်ကြီးနားလမ်းပိုင်းမှ အစုန်-အဆန်ရထားများ ပြန်လည်ပြေးဆွဲလျက်ရှိပြီး ကောလင်းဘူတာ နှင့် ကန့်ဘလူဘူတာသို့ သွားလာမှု အဆင်ပြေအောင် RTC မော်တော် ယာဉ်ငါးစီးကို စီစဉ်ပေးလျက်ရှိပြီး ယာဉ်စီးခအဖြစ် ခရီးသည်တစ်ဦးကို ငွေကျပ် ၁ဝဝဝ ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)

No comments:

Post a Comment