Saturday, August 1, 2015

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း ဘားအံမြို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး



The Mirror Daily's photo.

နေပြည်တော် ဇူလိုင် ၃၁ 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၉ ရက်က ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဘားအံ)၌ ကျင်းပသည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ (၆၇) နှစ်မြောက် မွေးနေ့မင်္ဂလာအခမ်းအနားသို့ တက်ရောက် ၍ ဆရာတော်အား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၃ဝ ရက်က လည်း ဘားအံမြို့ ရွှေယဉ်မျှော်ဘုရားတွင် ဖွင့်လှစ်ထား ရှိသည့် ရေးဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ ဆန် အိတ် ၁ဝဝ၊ စားသုံးဆီ ၂ဝ၄ ဘူး၊ ခေါက်ဆွဲဖာကြီး ငါးဖာတို့အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကရင်ပြည်နယ် ဘားအံမြို့ရှိ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း နှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း၌ အဆောက်အအုံသစ် တည်ဆောက်နေမှုလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment