Monday, August 31, 2015

မလေးရှားဝန်ကြီးချုပ်နုတ်ထွက်ပေးရန် ကွာလာလမ်ပူ၌ ဒုတိယနေ့ဆန္ဒပြ



Myanmaalinn's photo.
ကွာလာလမ်ပူ သြဂုတ် ၃ဝ


မလေးရှားခေါင်းဆောင်အဖြစ် ကာလကြာရှည်စွာတာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်နာဂျစ်ရာဇတ်အား ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားမှု ထွက်ပေါ်ခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက တနင်္ဂနွေနေ့တွင် ဒုတိယနေ့အဖြစ် နုတ်ထွက်ပေးရန် ဆန္ဒပြခဲ့ ကြသည်။
အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ကျော် နာဂျစ်အမည်ဖြင့် စာရင်းဖွင့်ခဲ့ပြီးနောက် နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဖြစ်လာကာ ရာနှင့်ချီသော ဆန္ဒပြသူများက မြို့တော်ကွာလာလမ်ပူ မြို့လယ်၌ စနေနေ့က အိမ်မပြန်ဘဲ လမ်းများပေါ်တွင်အိပ်ကာ ဆန္ဒပြခဲ့ကြသည်။
သို့သော်လည်း မြို့လယ်တွင်လုံခြုံရေးတင်းကျပ်လျက်ရှိကာ အဓိကရုဏ်းနှိမ်နင်းရေးရဲများက ကားများဖြင့် အသင့်စောင့်ဆိုင်းနေကြပြီး စနေနေ့က ဆန္ဒပြမှုတွင် အကြမ်းဖက်မှုမပါဘဲ ဝန်ကြီးချုပ်အားနုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ တနင်္ဂနွေနေ့တွင် အုပ်စုလိုက် လေ့ကျင့်ခန်း ပြုလုပ်မှုနှင့်အတူ ဆန္ဒပြပွဲကိုစတင်ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
မြို့တော်အာဏာပိုင်များအနေဖြင့် ဒီမိုကရေစီအရေး ဆန္ဒပြမှုလျှောက်ထားခြင်းကို ပယ်ချခဲ့သည်ဟုဆိုသည်။ အစိုးရက ဒီိမိုကရေစီလှုံ့ဆော်ရေး ဝက်ဘ်ဆိုက်ဖြစ်သည့် ဘာဆစ်ဝက်ဘ်ဆိုက်ကို ပိတ်ပင်လိုက်ပြီး အဝါရောင်တီရှပ်များ ဝတ်ဆင်မှုကိုလည်း ပိတ်ပင်ထားသည်။ သို့သော်လည်း ဆန္ဒပြသူများက အဝါရောင်ရှပ်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြခဲ့ကြသည်ဟုဆိုသည်။

(ရိုက်တာ)

No comments:

Post a Comment