Sunday, August 30, 2015

ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကျင်းပ



The Mirror Daily's photo.

တပ်ကုန်း သြဂုတ် ၂၈

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ တို့၏ ပံ့ပိုးမှုဖြင့် ၂ဝ၁၅ ခုနှစ် တပ်ကုန်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၇ ရက် ညနေ ပိုင်းက တပ်ကုန်းမြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

''ဒီပြိုင်ပွဲကို ထူးချွန်ထက်မြက်တဲ့ အားကစားသမား လူရည်ချွန်တွေ ပေါ်ထွက် လာစေရန်နဲ့ မြို့နယ်အတွင်း အားကစားကို ပိုမိုစိတ်ဝင်စားစေရေး၊ ရွက်ပုန်းသီးအားကစားသမားများရှာဖွေနိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် လက်ရွေးစင်အားကစား သမား လူတော်၊ လူကောင်းများရှာဖွေဖော်ထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပ ရခြင်း ဖြစ်ပါတယ်''ဟု မြို့နယ်အားကစားအရာရှိ ဦးထင်လင်းအောင်က ပြောသည်။
ဖွင့်ပွဲအခမ်းအနားတွင် တပ်ကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဘောလုံးများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် အာ/ကာ ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက လက်ခံရယူသည်။

ဖွင့်ပွဲပထမပွဲစဉ်အဖြစ် ဗိုလ်မင်းရောင် ဘောလုံးအသင်းနှင့် ကျောင်းရွာဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဗိုလ်မင်းရောင်အသင်းက ခြောက်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ ရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု လေးအုပ်စုခွဲကာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
(ဇင်ဘို)

No comments:

Post a Comment