Sunday, August 30, 2015

စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



The Mirror Daily's photo.

နေပြည်တော် သြဂုတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရွှေလီစစ်ဆင်ရေး (၂)စီမံချက်အား ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၅ ရက်က နယ်မြေခံတပ်မှ ကွတ်ခိုင်မြို့နယ် နမ့်ဖာတီးကျေးရွာ အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် နမ့်ဖာတီး ကျေးရွာနေ လောင်စီး၏ နေအိမ်ကိုရှာဖွေရာ လက်နက်မျိုးစုံ ခုနစ်လက်၊ လေသေနတ် သုံးလက်၊ ကျည်အိမ်တစ်ခု၊ ရှေ့ထွက်မိုင်းတစ်လုံးနှင့် စိတ်ကြွရူးသွပ် ဆေးပြားထုပ်များကိုပါ သိမ်းဆည်းရမိသဖြင့် လောင်စီး (၃ဝ)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

(ကြေးမုံ)

No comments:

Post a Comment