Sunday, August 30, 2015

မန်ယူနောက်ခံလူ ဂျွန်နီအီဗန်အား ခေါ်ယူရန် ဝက်စ်ဘရွန်းသဘောတူညီမှုရရှိ




ဝက်စ်ဘရွန်းအသင်းသည် မန်ယူနောက်တန်းကစား သမား ဂျွန်နီအီဗန်အား စာချုပ်ချုပ်ဆိုခေါ်ယူရေးနှင့် စပ်လျဉ်း၍ အလွတ်ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းအပြင် နောက်ထပ် ပေါင် ၂ သန်းထပ်တိုးပေးကာ ခေါ်ယူသွား ရေး မန်ယူအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။
အသက်(၂၇)နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဂျွန်နီအီဗန်သည် ဝက်စ်ဘရွန်းအသင်းသို့ ပြောင်းရွှေ့ ရန်အတွက် ၂၄ နာရီအတွင်း ဝက်စ်ဘရွန်းအသင်းသို့ သွားရောက်မည်ဖြစ်ကြောင်းလည်းသိရသည်။ မန်ယူ နောက်တန်းကစားသမား ဂျွန်နီအီဗန်သည် မန်ယူအသင်း နှင့်အတူ ပွဲပေါင်း ၁၉၈ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ပရီမီယာလိဂ်ဖလား သုံးကြိမ်ရယူဆွတ်ခူးပေးနိုင်ခဲ့သော်လည်း လက်ရှိနည်းပြ ဗန်ဟားလ်လက်ထက်တွင် ဦးစား ပေး ကစားသမားအဖြစ် ပွဲထွက်ကစားခွင့်မရရှိခဲ့ခြင်း ကြောင့် အသင်းပြောင်းရွှေ့ရန် ချိတ်ဆက်မှုများပြုလုပ်နေ သူဖြစ်သည်။
မန်ယူဗဟိုနောက်ခံလူ ဂျွန်နီအီဗန်သည် ဆန်းဒါးလန်း အသင်းတွင် အငှားသွားရောက်ကစားခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီတွင် မန်ယူအသင်းအတွက် တစ်ပွဲမျှ ပါဝင် ကစားထားခြင်းမရှိခဲ့ပေ။ ထို့ကြောင့် မန်ယူအသင်းမှ ထွက်ခွာနိုင်ရေးအတွက် အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ ရန်လည်း ချိတ်ဆက်မှုများပြုလုပ်ခဲ့သူတစ်ဦးဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment