Sunday, August 30, 2015

ဒါရိုက်တာတစ်ဦးအဖြစ် ဘူဆန်ရုပ်ရှင်ပွဲတော်ကို တက်ရောက်မယ့် ယွန်းအန်ဟေး




မြန်မာပရိသတ်ရင်ထဲသို့ ''Coffee Prince''ရုပ်ရှင်ဖြင့် စတင် နေရာယူဝင်ရောက်လာခဲ့သော တောင်ကိုရီးယားမင်းသမီးချော ယွန်းအန်ဟေးသည် ဘူဆန်နိုင်ငံတွင် ကျင်းပမည့် အကြိမ် (၂ဝ) မြောက် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်သို့ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးအနေဖြင့် တက်ရောက်မည်ဖြစ်သည်။
ဘူဆန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်(BIFF)က ထုတ် ပြန်သည့်စာရင်းအရ ''wide Angle''ရုပ်ရှင်များစာရင်းတွင် ယွန်း အန်ဟေးရိုက်ကူးခဲ့သည့် ''Red Eye''ရုပ်ရှင်ကို ဇာတ်လမ်းတို ရုပ်ရှင်တစ်ခုအဖြစ် ပါဝင်ပြသခွင့်ရခဲ့ခြင်းဖြစ်သည်။
ယွန်းအန်ဟေးသည် အဆိုပါ ရုပ်ရှင်ပွဲတော် သို့ သူပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်လမ်းတို ရုပ်ရှင်အတွက် မင်းသမီးတစ်ဦးအဖြစ် တက်ရောက်ခဲ့ဖူးပြီး ဒုတိယမြောက် အကြိမ်တွင်မူ ဒါရိုက်တာ တစ်ဦး အဖြစ် တက်ရောက်ခွင့်ရခဲ့ ခြင်းဖြစ်ကာ ကမ္ဘာတစ်ဝန်းရှိ အနုပညာရှင်များ ရှေ့ မှောက်တွင် သူ၏ဒါရိုက်တာ အရည်အသွေးကို ချပြခွင့်လည်း ရရှိခဲ့ပြီဖြစ်သည်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဘူဆန်စင်းနီးမားစင်တာ တွင် ၁ဝ ရက်ကြာကျင်းပသွား မည်ဖြစ်သည်။
အေးပြည့် - စုစည်းသည်။

No comments:

Post a Comment