Sunday, August 30, 2015

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ




နေပြည်တော် သြဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ အတွင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရွှေလီစစ်ဆင်ရေး (၂) စီမံချက်အား ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက်က မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးနှင့် မူးယစ်တပ်ဖွဲ့စု (၁ဝ၂) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက် သို့ ပန်းလျှန်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၃ဝ ကို လည်းကောင်း၊ အလားတူ သြဂုတ် ၂၄ ရက်က ပုသိမ်ကြီးမြို့နယ် နားဋောင်းကျကျေးရွာ သုခကမ္ဘာ စားသောက်ဆိုင်တွင် ထိုင်နေသူ ကျော်ထွန်းနှင့် အောင်မြင့်တို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၂ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို လည်းကောင်း၊ သြဂုတ် ၂၅ ရက်က နမ့်ခမ်း-ပန်းဆေးသွား ကားလမ်း၊ နမ့်ခမ်းမြို့နယ် လွယ်လင် ကန်ကျေးရွာ ရွာလယ်ညောင်ပင်အနီး တွင် နမ့်ခမ်းမြို့ဘက်မှ ကျန်းကျင် မိန်း မောင်းနှင်ပြီး ကျန်းနိမ်မြင့်လိုက်ပါ လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ဝ နှင့် ဘိန်းဖြူအလေးချိန် သုည ဒသမ ဝ၂၄ ကီလိုတို့ကို သိမ်းဆည်းရမိ သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment