ပါရီ သြဂုတ် ၁
အိန္ဒိယသမုဒ္ဒရာ ရီယူနီယံ ကျွန်းပေါ်၌ တွေ့ရှိခဲ့သော လေယာဉ်အပိုင်းအစကို ပျက်ကျ ခဲ့သည့် မလေးရှားလေကြောင်းလိုင်း ဘိုးရင်း ၇၇၇ ခရီးသည်လေယာဉ် မှ အပိုင်းအစ ဟုတ် မဟုတ် စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် ပြင်သစ်နိုင်ငံ သို့ စနေနေ့က ပေးပို့ခဲ့သည်။
အဆိုပါ လေယာဉ်အပိုင်းအစ တင်ဆောင်ပျံသန်းလာသော လေ ယာဉ်သည် စနေနေ့က ပါရီမြို့အနီး အော်လီလေဆိပ်သို့ ဆင်းသက် ခဲ့သည်။ ယင်းလေယာဉ် အပိုင်း အစကို အထူးစစ်ဆေးမှု ပြုလုပ် မည့် တူးလုမြို့ အနောက် တောင်ပိုင်းအနီး စစ်စခန်းတစ်ခုသို့ ပေးပို့ဖွယ်ရှိသည်။
ယင်းလေယာဉ် အပိုင်းအစသည် ခြောက်ပေခွဲခန့်ရှိ လေယာဉ်တောင်ပံ အပိုင်းအစဖြစ်ကြောင်း၊ ၄င်းလေ ယာဉ် အပိုင်းအစသည် ၂ဝ၁၄ ခုနှစ် မတ်လက ပုံမှန်လမ်းကြောင်း မဟုတ်ဘဲ ပျောက်ကွယ်သွားခဲ့သော မလေးရှားလေကြောင်းလိုင်း MH
370 ၏ သဲလွန်စကို ဖော်ထုတ် နိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင် သူများက မျှော်လင့်ထားသည်။
အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၉ ဦးနှင့် လေယာဉ် အမှုထမ်းများ လိုက်ပါသွားခဲ့ကြောင်း သိရပြီး ခရီးသည်မိသားစုဝင်အချို့ က အဆိုပါလေကြောင်းလိုင်းမှ လျော်ကြေး ထပ်မံတောင်းဆိုလျက် ရှိသည်။
(ရိုက်တာ)

No comments:
Post a Comment