Sunday, August 2, 2015

မဲဇလီကုန်းဒေသရှိရေဝင်နစ်မြုပ် အိမ်ထောင်စုများအားထောက်ပံ့ပစ္စည်းပေးအပ်




The Mirror Daily's photo.


အင်္ဂပူ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးသိန်းအောင်သည် တာဝန်ရှိသူ များနှင့်အတူ ဇူလိုင် ၃၁ ရက် နံနက် ပိုင်းက ချင်းချောင်ကျေးရွာ ကားလမ်း တံတား ချဉ်းကပ်လမ်းပြိုကျမှုအား တပ်မတော်သားများနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ရေကာရိုက်ခြင်း၊ ကျောက်ကြီးချခြင်းပြုလုပ်နေမှုအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတောင့်တ ကျေးရွာအနီး ဟင်္သာတ-ကြံခင်း မီးရထားလမ်းမိုင်တိုင်(၁၃၉/၁၆)နှင့် (၁၃၉/၁၇) အကြားမီးရထားလမ်း အောက်ခြေမြေ ရေတိုက်စားပြိုကျမှု အား သံလမ်း အင်/ယာဌာနမှပြုပြင် နေမှုကို ကြည့်ရှုပြီး အဆိုပါလမ်း ပေါ်မှ မီးရထားဖြတ်သန်းမှုကိုကြည့်ရှု ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဲဇလီ ကုန်းမြို့ ဗိုလ်အောင်ကျော်ခန်းမ၌ ရေဝင်နစ်မြုပ် အိမ်ထောင်စုများနှင့် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့ တက် ရောက်ပြီး အားပေးစကားပြောကြား ကာ ရေဘေး၊ လေဘေးသင့် အိမ်ထောင်စုများအတွက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်မှ ဆန်အိတ် ၅ဝ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် အဝတ် အထည်များ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments:

Post a Comment