ပေကျင်း ဇူလိုင် ၃၁
လျှပ်စစ်ကားများ အသုံးပြုမှု မြှင့်တင်ရန် လှုံ့ဆော်မှုတစ်ရပ် အဖြစ်
ပေကျင်း၊ အိမ်နီးချင်း ဟီဘေး ပြည်နယ်နှင့် ကမ်းရိုးတန်းမြို့တော်
တီယန်ကျင်းတို့က ယခုနှစ်တွင် ဒေသ တွင်းရှိ အဝေးပြေးလမ်းမကြီး လေးခုပေါ်တွင်
လျှပ်စစ်ကားဓာတ်အားသွင်း တိုင်များ တည်ဆောက်မည်ဖြစ်ကြောင်း အာဏာပိုင်များက
ပြောကြားသည်။
ပေကျင်းဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး စည်ပင်သာယာရေး ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဂေါင်ပန်၏အဆိုအရ အာဏာပိုင် များက သယ်ယူပို့ဆောင်ရေး၊ စီးပွား ရေးဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးတွင် ကြီးမားသော ပေါင်းစည်းမှုဖြစ်ရန် တွန်းအားပေးဆောင်ရွက်နေပြီး တရုတ်နိုင်ငံ၌ ''ဂျင်ဂျင်ဂျီ'' ဟု ရည်ညွန်းထားသည့် နယ်မြေတစ်ခု ဖြစ်သော ပေကျင်း၊ တီယန်ကျင်းနှင့် ဟီဘေးပြည်နယ်တို့ကို ချိတ်ဆက် ပေးသည့်အဝေးပြေးလမ်းမကြီးများ တစ်လျှောက် ကီလိုမီတာ ၅ဝ တိုင်းတွင် အဆိုပါအားသွင်းတိုင်များ ထားရှိမည်ဖြစ်သည်။
လာမည့်နှစ်နှစ်အတွင်း ယင်း နယ်မြေအတွင်းရှိ အရေးပါသော ပို့ဆောင်ရေးလမ်းကြောင်းများနှင့် ကားရပ်နားရာ နေရာများတွင် နောက်ထပ်လျှပ်စစ်ဓာတ်အားသွင်း တိုင်များ တည်ဆောက်ရန် မျှော်မှန်း ထားသည်။ ''ဂျင်ဂျင်ဂျီ'' ဧရိယာ အတွင်းရှိ ဒေသန္တရအစိုးရများက ဒေသတွင်း လေထုညစ်ညမ်းမှု ကင်းရှင်းစေရန် ပြည်သူများကြား ဓာတ်ဆီသုံးကားများနေရာတွင် အစားထိုးမှုတစ်ရပ်အနေဖြင့် လျှပ်စစ် ကားအသုံးပြုမှု မြှင့်တင်နေသော ကြောင့် အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်သည်။
ယင်းဒေသကောင်းကင်ယံတွင် အသက်မရှူနိုင်အောင် မွန်းကြပ်စေ သော မီးခိုးမြူဖုံးလွှမ်းစေခြင်း အကြောင်းတရားများအနက် မော်တော်ကားများမှ ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုက်အငွေ့များ သည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။
ဆင်ဟွာ။

No comments:
Post a Comment