Saturday, August 1, 2015

နီပေါမြေပြိုမှု လူ ၃ဝ ထက်မနည်းသေဆုံး



The Mirror Daily's photo.

ခတ္တမန္ဒူ ဇူလိုင် ၃၁

နီပေါနိုင်ငံ၌ လွန်ခဲ့သည့်ရက်များအတွင်း မိုးသည်း ထန်စွာရွာသဖြင့် မြေပြိုမှုဖြစ်ပေါ်ခဲ့ရာ ရွာနှစ်ရွာကို ဖုံးလွှမ်းသွားခဲ့ပြီး အနည်းဆုံး လူ ၃ဝ သေဆုံးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်ဟု ယနေ့သတင်း များတွင် ဖော်ပြသည်။

ခတ္တမန္ဒူမြို့တော်၏ အနောက်ဘက် ၇၇ မိုင် အကွာရှိ ပိုခရာ အပန်းဖြေမြို့အနီး၌ ဇူလိုင် ၂၉ ရက် ညသန်းခေါင် အချိန်တွင် ရွာများအပေါ်မြေပြိုကျခဲ့ရာ အနည်းဆုံးလူနေအိမ် ၂၂ လုံး ပျက်စီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောသည်။
အဆိုပါဒေသဆိုင်ရာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက လူတစ်ဒါဇင်ခန့် ပျောက်ဆုံးလျက်ရှိကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောသည်။ မြေပြိုမှုဖြစ်ပွားသည့် ကျေးရွာ များမှာ နီပေါနိုင်ငံ၏နာမည်ကျော် အန်နာပူရနာ တောင်တက်လမ်းအနီးတွင် တည်ရှိသည်။

ယခုနှစ် လူဦးရေ ၉ဝဝဝ ခန့် သေဆုံးခဲ့ရသော အင်အားပြင်းထန်သည့် ငလျင်နှစ်ကြိမ်လှုပ်မှုကြောင့် တောင်ကုန်း၊ တောင်တန်းများ၏ ဆင်ခြေလျောများသည် မတည်မငြိမ်ဖြစ်လာသည့်အတွက် မိုးရာသီကာလအတွင်း မြေပြိုမှုဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်ဟု ဆိုသည်။

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် မိုးသည်း နေစဉ်အတွင်း ရွှံ့နွံများ၌ ပျောက်ဆုံးနေသော ရွာသားများ ကိုရှာဖွေလျက်ရှိကြသည်။ ရွာသားအများစုသည် မြေပြို သောအချိန်တွင် အိပ်ပျော်နေကြသည်။
ရှာဖွေမှုများ ထိရောက်စေရန်အတွက် အကြီးစား စက်ကိရိယာပစ္စည်းများပံ့ပိုးပေးရန် တာဝန်ရှိသူများက တောင်းခံထားသည်။

မြေငလျင်အတွက် နှစ်နှင့်ချီ၍ကြာသည်အထိ ပြင်ဆင် မှုများပြုလုပ်သည်ဆိုသော်လည်း အစိုးရသည်မြေပြိုမှု ဖြစ်နိုင်သောနယ်မြေကို မြေပုံထုတ်ရန်ပင် နှောင့်နှေး ကြန့်ကြာလျက်ရှိသည်ဟု ဆိုသည်။
ရိုက်တာ။

No comments:

Post a Comment