Sunday, August 30, 2015

ပို့ဆောင်ရေးဝန်ကြီးဌာန မိသားစုများက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် ၁၇ ဒသမ ၂၇၆ သိန်းလှူဒါန်း



The Mirror Daily's photo.


နေပြည်တော် သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များသို့ စေလွှတ်ထားသော စိတ်-လူမှုရေးဆိုင်ရာပံ့ပိုးမှု အဖွဲ့များတွင် ပူးပေါင်းဆောင်ရွက်ရန် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ပြုလုပ်ရာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က အဖွင့် အမှာစကား ပြောကြားရာတွင် ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ သူများ၊ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာရရှိသူ များနှင့် ထိခိုက်လွယ်သော၊ အန္တရာယ် ကျရောက်လွယ်သော အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများအတွက် ခံစားနေရမှု များ ပြေလျော့စေရန် ကယ်ဆယ်ရေး စခန်းများနှင့် ရေဘေးသင့်ကျေးရွာများသို့ စိတ်-လူမှုရေးဆိုင်ရာပံ့ပိုးမှု နှင့် နှစ်သိမ့်ဆွေးနွေးခြင်း ပြုလုပ်ရန် စိတ်-လူမှုရေးဆိုင်ရာ ပံ့ပိုးမှုအဖွဲ့များကို မိမိတို့ဝန်ကြီးဌာနမှ ဦးဆောင်၍ စေလွှတ်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့များတွင် လူမှုရေးအဖွဲ့ အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လက်တွေ့လုပ်ဆောင်ရမည့် အချက် များကို ရှင်းလင်းဆွေးနွေးရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သဇင် နွယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်ဘဝ မြှင့်တင် ရေးအသင်းတို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ရေဘေးသင့်ပြည်သူ များအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန မိသားစုမှ လှူဒါန်းငွေကျပ် ၁၈၇ ဒသမ ၂၇၆ သိန်းကို ဒုတိယဝန်ကြီး ဦးဟံစိန်က လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
(ကြေးမုံ)

No comments:

Post a Comment